ဒီနေ့က Bogum နဲ့ Ireneရဲ့ မင်္ဂလာပွဲ
ကျင်းပမယ့်နေ့ဖြစ်တယ်
Taeyeon နဲ့ Tiffany က Makeup room ထဲမှာ Irene နဲ့တူတူရှိပေးကြတယ်
Irene က တစ်ချိန်လုံးစိတ်လှုပ်ရှားနေတာကြောင့် သူ့ရဲ့ လက်သည်းလေးတွေကို ဆော့ကစားရင်း တိတ်ဆိတ်နေတယ်
ရုတ်တရက်Yeri နဲ့ Seulgi အခန်းထဲဝင်လာတော့မှ အကုန် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ အချင်းချင်း နှုတ်ဆက်စကားပြောကြတယ်
"ဝါး Irene-shi အရမ်းလှတာပဲ ဝတ်စုံက Ireneနဲ့ အရမ်းလိုက်ဖက်ပြီး လုံးဝလှပနေတာပဲ အရွေးတော်လိုက်တာနော် တကယ် ကျက်သရေရှိတယ်"
Yeri က Irene ကို သေချာကြည့်ပြီး အားရပါးရ ချီးမွမ်းနေတော့ Irene က ရှက်ပြုံးလေးပြုံးပြီး တစ်စုံတစ်ယောက်ကိုတောင်သတိရသွားတာ
"ကျေးဇူးပါ တကယ်တော့လေ ဝတ်စုံက Wendy ကူရွေးပေးခဲ့တာ သိလား သူက တကယ်ကို အမြင်ရှိတယ်"
"ဟုတ်လား Irene unnie က Wen unnie နဲ့ တူတူသွားခဲ့တာ တကယ်မှန်သွားတာပဲ Seul unnie နဲ့သာ တူတူသွားခဲ့ရင်တော့ မတွေးရဲစရာပဲ သူရဲ့ ဖက်ရှင်အမြင်က တော်တော်ဆိုးရွားတာလေ ဟီး"
နောက်ဆုံးစကားကို Irene နားကပ်ပြီး ခပ်တိုးတိုး ပြောလိုက်ပေမယ့် ဘေးနားက Seulgi ကသေချာပေါက်ကြားရတာကြောင့်
"Yah Shon Yeri ငါ နင့်ဘေးနားမှာ အရှင်လတ်လတ်ကြီးရှိသေးတယ်သိလား အတင်းပြောတာလည်း ရှေ့နောက်ကြည့်ပြော"
Seulgi က စိတ်ကောက်ချင်တဲ့ပုံစံက ချစ်စရာကောင်းလွန်းတာကြောင့် အခန်းထဲက လူတွေ အကုန် ရယ်ပွဲကျသွားခဲ့တယ်
Irene ကတော့ တံခါးဝကို တကြည့်ကြည့်နဲ့ တစ်ယောက်ယောက်ကို မျှော်နေခဲ့တယ်
အဲ့တာကို Taeyeon က သတိထားမိပြီး Irene နားကပ်ကာ လေသံတိုးတိုးနဲ့
"ဘယ်သူကိုမျှော်နေတာလဲ"
"ဟင် မဟုတ်...မမျှော်ပါဘူး ဘယ်သူကိုမှ..."
Irene အဖြေကို Taeyeon က သဘောပေါက်စွာ ပြုံးလိုက်တော့ ဘေးက Tiffanyက လက်တို့ပြီး
"အဲ့ ညစ်ကျယ်ကျယ်အပြုံးက ဘာလဲ"
"ဟင့်အင်း ဘာမှမဟုတ်ပါဘူး"
VOCÊ ESTÁ LENDO
It's Never As It Seems
RomanceWenrene love story This is the story from AFF. i'm just translator. Original author-rumdum09 #Shina #Mypreciouswenrene
