Feeling Better

91 19 2
                                        

Irene က သူရဲ့ ဓာတ်ပုံစတူဒီယိုကိုပြန်ရောက်တဲ့အထိ စိတ်ရှုပ်နေတုန်းပဲ
ထုတ်ပြီးသား ဓာတ်ပုံတွေကိုလည်း အကြောင်းမရှိပဲ လျှောက်လှန်နေမိတာကြောင့် Taeyeon နဲ့ Tiffany တောင် တစ်ခါမှ မမြင်ဖူးတဲ့ Irene ရဲ့ပုံစံကိုကြည့်ပြီး မျက်ခုံးလှုပ်နေမိတယ်

Irene က ဓာတ်ပုံတွေကို စားပွဲပေါ်ပြန်ပစ်ချပြီး ဖလင်ဆေးတဲ့ အခန်းထဲကို ဆောင့်ကြီးအောင့်ကြီးနဲ့ ဝင်သွားပြန်တယ်

Taeyeon နဲ့ Tiffany လည်း irene နောက်လိုက်ပြီး တံခါးဝမှာ ချောင်းနားထောင်နေကြရင်း
"Taetae, hyun က ရူးသွားတာတော့ မဟုတ်ပါဘူးနော်"

Tiffanyက မေးတော့

"Hyun က အထဲမှာ တစ်ယောက်တည်းစကားတွေပြောနေတာထင်တယ် ဘာတွေပြောနေလဲတော့ သေချာမကြားရဘူး တစ်ခုခု စိတ်အနှောင့်အယှက်ဖြစ်လာတဲ့ပုံပဲ"

နှစ်ယောက်သား တွတ်ထိုးနေတုန်း အထဲက Irene က တံခါးဖွင့်လိုက်တော့ ချောင်းနားထောင်နေတဲ့ နှစ်ယောက်က တံခါးနဲ့ ရိုက်မိပြီး လဲကျမလိုဖြစ်သွားတယ်

Irene က ထူးဆန်းနေတဲ့ စုံတွဲကို ကြည့်ပြီး အလိုမကျဟန်ဖြင့်

"နှစ်ယောက်သားက ဘာတွေဖြစ်နေကြတာလဲ"

Irene ရဲ့လေသံမာမာကို Tiffanyတောင်
လန့်သွားမိပြီး လည်ချောင်းရှင်းလိုက်ကာ

" တစ်ယောက်တည်း ဘာတွေပြောနေတာလဲ Hyunရဲ့ unnie က စိတ်ပူလို့ပါ ဟဲ ဟဲ"

"အလုပ်လုပ်ဖို့ ကိုယ်ဘာသာ အားပေးနေတာပါ ဒီနေ့အလုပ်တွေများတယ်လေ ဟုတ်တယ်မလား"

Irene ပြန်ဖြေတာကို Taeyeon ကမကျေနပ်နိုင်ဘဲ

"ဒါ​ေပမယ့် နင်က စိတ်တိုနေတဲ့ ပုံပေါက်နေလို့လေ Hyunရဲ့ တစ်ယောက်တည်း ဒေါသတကြီးနဲ့ ပြောနေတာ တစ်ယောက်ယောက်ကို စိတ်ဆိုးနေတဲ့အတိုင်းပဲ ဘာဖြစ်လာလို့လဲ Unnie တို့ကိုပြောလို့ရပါတယ်"

"ဒီအတိုင်း Joy က Wendy ကို သတ်မိတော့မလို ဖြစ်သွားတဲ့ ကိစ္စကိုတွေးနေမိလို့ပါ"

" အခုထိ အဲ့ဟာကိုတွေးနေတုန်းပဲလား ဒါပေမယ့် Hyun ရယ် ဖြစ်သွားတာက မတော်တဆပဲ နင့်အပြစ်မှမဟုတ်တာ Wendy လည်း ကောင်းသွားပြီဟာ"

It's Never As It SeemsWhere stories live. Discover now