Lunch Break

426 67 9
                                        

နေ့လည်​ဘက်​ ထမင်းစားနားချိန်​မှာ ဝန်​ထမ်း​တွေအကုန်​လုံး အပြင်​ထွက်​သွားကြ​ပေမယ့်
Wendy တစ်​​ယောက်​က​တော့ studio ထဲမှာ အလုပ်​ရှုပ်​​နေတုန်းပဲ

သံစဉ်​ချည်းပဲသီးသန့်​ထည့်​ထားတဲ့ recorded songကို   earphone တပ်​ကာ wendy
နား​ထောင်​​နေပြီး ပါးစပ်​က စာသား​တွေကို ခပ်​တိုးတိုး လိုက်​ညည်း​နေမိတာ​ကြောင့်​ studio အခန်းထဲ တစ်​စုံတစ်​​ယောက်​ဝင်​လာတာကို သတိမထားမိလိုက်​...

ပုခုံးကို ခပ်​ဖွဖွ​လေး လာထိ​တော့မှ wendy earphone ကို ဖြုတ်​ပြီး ​နောက်​လှည့်​ကြည့်​လိုက်​​တော့ မထင်​မှတ်​ထားတဲ့ သူတစ်​​ယောက်​က သူ့ကို ပြုံးပြုံး​လေးနဲ့ရပ်​ကြည့်​​နေပြီး​တော့

"သီချင်းကတကယ်​​ကောင်းတာပဲ နင်​သီချင်း​ကောင်း​ကောင်းဆိုတတ်​မှန်း မသိခဲ့ဘူး

"Irene ကဘယ်​လိုလုပ်​ပြီး ဒီကို​ရောက်​လာတာလဲ"

"ဟို bogum ကို​မေးလိုက်​တာ သူက နင်​အလုပ်​များ​နေတယ်​​ပြောတယ်​ ဒါ​ပေမယ့်​ ဟို​နေ့က ငါနင့်​ကို​သေချာ​ကျေးဇူးမတင်​ရ​သေးလို့​လေ အဲ့တာ​ကြောင့်​ ဒီကိုလာခဲ့လိုက်​တာ"

Ireneက ​ပြော​တော့ wendyက

"အာ ​ကျေးဇူးတင်​ဖို့မလိုပါဘူး မကြာခင်​မှာ မိသားစု​တွေဖြစ်​​တော့မှာပဲ"

"ဒါနဲ့ နင်​တစ်​​ယောက်​တည်းလား တစ်​ခြားသူ​တွေ​ရော မ​တွေ့ပါလား"

"​နေ့လည်​စာစားဖို့သွားကြတယ်​​လေ"

"​အော်​ နင်​​ရော ​နေ့လည်​စာမစားဘူးလား"

"အာ လုပ်​စရာ​တွေအများကြီးရှိ​နေ​သေးလို့ 
မစား​တော့ဘူး"

Wendy က လည်​ဂုတ်​​လေးကိုလက်​နဲ့ပွတ်​ကာ ခပ်​တိုးတိုးပြန်​​ဖြေ​တော့ irene မျက်​​မှောင်​ကြုတ်​မိတယ်

"ဟင်​ ဒါဆို ဗိုက်​​ဟောင်း​လောင်းနဲ့ အလုပ်​လုပ်​ဖို့စဉ်းစား​နေတာလားမဟုတ်​​သေးပါဘူး"

"ရပါတယ်​ အကျင့်​ဖြစ်​​နေပါပြီ"

"နင်ဒီ​​လောက်​ အလုပ်​များ​နေရက်​နဲ့ငါ့အတွက်​ တစ်​​နေကုန်​အချိန်​​ပေးခဲ့တာပဲ ငါက တစ်​ခုခုပြန်​လုပ်​​ပေးသင့်​တာ​ပေါ"

It's Never As It SeemsWhere stories live. Discover now