Zawgyi
ထူးခြားစွာပြောင်းလဲမသွားတဲ့ အခန်းငယ်လေးဟာ ရှောင်းကျန့် လူကောင်းဖြစ်နေစဉ်အချိန်ကအတိုင်းပဲ။ သန့်ရှင်းနေတဲ့ အခန်းလေးဟာလည်း လူမဝင်တာကြာနေတဲ့ အရိပ်အရောင်တောင်မမြင်ရဘူး။ သူနိုင်ငံခြားမှာ ဆေးသွားကုတာ ၆လ ကျော် ၇လ နီးပါမှာ သူရှိနေစဉ်ကအတိုင်း အမြဲသန့်ရှင်းရေးလုပ်နေကြတယ်ထင်တယ်။ ရှောင်းကျန့် ဝီးချဲဘီးလေးကိုလိမ့်ပြီး အခန်းပြတင်းပေါက်နားရွေ့သွားလိုက်သည်။ ပြတင်းပေါက်အပြင်ဘက်ကမြင်လိုက်ရတဲ့ ရှုခင်းတွေသည် သိပ်လှနေသည်။
ကလစ်...!
ပြတင်းပေါက်ကနေ အပြင်ဘက်က ရှုခင်းတွေကိုငေးကြည့်နေတဲ့ရှောင်းကျန့်ဟာ နောက်ဖက်က အခန်းတံခါးဖွင့်သံကြောင့် ချက်ချင်း ပေါင်ပေါ်တင်ထားတဲ့ မျက်မှန်အမဲကြီးကို ကောက်တက်လိုက်သည်။ လှုပ်ရှားနေတဲ့ သူ့မျက်ဝန်းညိုတွေကို ဝင်လာတဲ့လူ တွေ့သွားလို့မဖြစ်ဘူး...။
" ကိုကို "
ခေါ်သံနှင့်အတူဝင်လာသည့် လူသည် သူထင်ထားသည့်အတိုင်း ကလေကချေကောင်။ ကလေကချေကောင်ရဲ့ လက်ထဲမှာ ပါလာတာကတော့ အငွေ့တစ်ထောင်းထောင်းထွက်နေတဲ့ ကော်ဖီတစ်ခွက်။ ရှောင်းကျန့်နှုတ်ခမ်းပါးလေးသည် မသိမသာ မဲ့ပြုံလေးပြုံးသွားသည်။
" ဝမ်ရိပေါ်လား "!!
" ဟုတ်တယ်ကိုကို ။ ကိုကိုကော်ဖီသောက်ချင်တယ်ဆိုလို့ ကျွန်တော်ဖျော်ပြီလာပို့ပေးတာပါ "
" အင်း ဘယ်မှာလဲ "
မမြင်မကန်းပုံစံနဲ့ ကော်ဖီခွက်ကိုလက်ကမ်းတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ်ကော်ဖီခွက်ကိုကိုင်ပြီး ရှောင်းကျန့်နားရောက်လာခဲ့သည်။ ဒါပေမယ့် ကော်ဖီခွက်ကိုတော့ ရှောင်းကျန့်ကို ကမ်းမပေးခဲ့ပါ။
" ကိုကို ကော်ဖီက အရမ်းပူနေသေးတယ် "
" အင်း ကိုယ်က ပူပူလေးသောက်ချင်လို့ ဖျော်ပြီးချက်ချင်းလာပို့ခိုင်းထားတာ "
" ဟုတ်လား.... "!!
" အင်း... ဒါနဲ့ အပန်းမကြီးရင် ကိုယ်လက်ထဲကိုရောက်အောင် ကော်ဖီပန်းကန်လေး လှမ်းပေးပါ့လား။ စာပွဲပေါ်တင်ထားခဲ့ရင် ကိုယ်မမြင်မကန်းနဲ့ဆိုတော့ လှမ်းယူနိုင်မှာမဟုတ်လို့ "