ဆွဲချမယ်မထင်တဲ့အချိန်မှာ ဆွဲချပြီး ရင်ခွင်ထဲ ပိုက်ထားခံလိုက်ရတာကြောင့် ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ရင်ဘက်ပေါ်မှာ မှောက်ရပ်လေးဖြစ်နေခဲ့သည်။
" ကိုကို "
" လူဆိုးကောင်လေးက စိတ်ကောက်ပြေသွားပြီလား..."
အပြုံးမြမြနဲ့ ရိပေါ်မျက်နှာကိုသေချာကြည့်ပြီး မေးလာတဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မျက်နှာလေး မဲ့သွားရသည်။
" ဘယ်သူက စိတ်ကောက်လို့လည်း "
" မသိဘူးလေ ညနေက ကောင်လေးတစ်ယောက် ကိုယ်မျက်စိပြန်မြင်နေရတယ်ဆိုတာကို ညာထားတယ်ဆိုပြီး စိတ်ကောက်သွားတာလို့ "
ရှောင်းကျန့်စကားကြောင့် မျက်နှာလေးညိုးငယ်သွားတဲ့ ဝမ်ရိပေါ်ဟာ...
" ကိုကိုရာ ကျွန်တော်က စိတ်ကောက်တာမဟုတ်ပါဘူး ။ စိတ်မကောင်းဖြစ်သွားတာပါ... "
" စိတ်မကောင်းဖြစ်သွားတာ... "
" ဟုတ်ကဲ့ "
" ဘာလို့ စိတ်မကောင်းဖြစ်ရတာလည်း ရိပေါ်ရ..."
" ဒီလိုဗျာ ကိုကိုက မျက်စိပြန်မကောင်းနိုင်ဘူးပြောတော့ ကျွန်တော်က ဝမ်းနည်းရတာပေါ့ ။ဒါကြောင့် ကိုကိုအတွက်ဆို ချီးသေးကအစ စိတ်ပူပြီး လိုက်လုပ်ပေးတာတွေက ကိုကို့အတွက်တော့ ရယ်စရာတွေဖြစ်နေမှာ ။ ဒါကြောင့် ကိုကို့အတွက် ရယ်စရာကြီးဖြစ်သွားတဲ့ ကျွန်တော့ကို ကျွန်တော် ဝမ်းနည်းနေမိတာပါ.."
ရင်ဘက်ပေါ်ကနေ မျက်ရည်များ ရစ်သိုင်းဖွဲ့နေတဲ့ မျက်ဝန်းလေးနဲ့ ပြောနေတဲ့ ရိပေါ်စကားသံလေးသည် ရှောင်းကျန့်ရင်ကို လှုပ်ခက်စေသည်။
" ရိပေါ်ရာ...."
" ဒါနဲ့ ကိုကို "
" အင်း "
" ကျွန်တော့ကို နောက်ထပ်ညာထားတာ ရှိသေးလား... "
" ညာထားတာ.... "
" အင်း ဒီလိုဗျာ ဥပမာ အခု မျက်စိမမြင်ရဘူးဆိုပြီး ပြန်မြင်နေတာမျိုး။ ပြီးတော့ ခြေထောက်တွေမကောင်းသေးဘူးဆိုပြီး ပြန်ကောင်နေရင်ကော...."
" မရှိတော့ပါဘူးဗျာ ကိုယ့်ခြေထောက်တွေ ပြန်မကောင်းသေးတာတော့ အမှန်ပါ..."