Zawgyi
အိပ်ယာထဲမှာ ပုံ့ပုံ့လေးထိုင်နေတဲ့ ဝမ်ရိပေါ်ကိုကြည့်ကာ ရှောင်းကျန့်မှာ ပြုံးစိစိ။ မျက်နှာလေး စူပုတ်ပြီး ရှောင်းကျန့်ကို ဘုကြည့်ကြည့်နေတဲ့ ကောင်လေးငယ်ငယ်ဟာ သိပ်ကိုချစ်ဖို့ကောင်းနေခဲ့တာ။ ဦးဆောင်သူဟာ ရှောင်းကျန့်ဆိုပေမယ့် ပြီးဆုံးအောင်ဆက်လက်ဆောင်ရွက်သွားရသူက ဝမ်ရိပေါ်ပါ။ အခုတော့ အရာအားလုံးပြီးဆုံးသွားချိန်မှ ဘာကို မကျေနပ်နေမှန်းမသိတဲ့ ကောင်လေးငယ်ငယ်က ရှောင်းကျန့်ကို ဘုကြည့်ထိုင်ကြည့်နေတယ်။
ရှောင်းကျန့်ဟာ ကုတင်နောက်မှီကို မှီထိုင်ထားပြီး ခါးအောက်ပိုင်းကို စောင်နဲ့လုံးပတ်ကာ လက်ပိုက်ထိုင်နေပြီး ကောင်လေးငယ်ငယ်ရဲ့ ဘုကြည့်ကြည့်မှုကို အပြုံးစစလေးနဲ့ ခံယူနေရတယ်။ အတန်ကြာမှ အိပ်ယာပေါ်က ထဖို့ဟန်ပြင်နေတဲ့ ကောင်လေးငယ်ငယ်ကြောင့် ရှောင်းကျန့် ကောင်လေးငယ်ငယ်ရဲ့ လက်ကိုဖမ်းဆွဲကာ ရင်ခွင်ထဲ ပိုက်ထွေးလိုက်မိတယ်။
" ငယ်..."
" အင်း..."
ဘာကို မကြည်မှန်းမသိတဲ့ ကောင်လေးငယ်ငယ်က ရှောင်းကျန့်ကို ဗျာလို့်တောင်မထူးနိုင်ပဲ အင်းတဲ့...။
" ဘာဖြစ်နေတာလည်း "
" ဘာမှမဖြစ်ဘူး "
ကြည့် ဘာမှမဖြစ်ဘူးပြောတဲ့လေသံဟာ မာတောင့်တောင့်နဲ့။ ပြီးတော့ ထွေးဖက်ထားတဲ့ ရှောင်းကျန့်ရင်ခွင်ထဲကနေ ပြန်ထဖို့ပြင်နေတယ်။ ဒါကြောင့် ရှောင်းကျန့်ဟာ အားအနည်းငယ်ထည့်ပြီး ကောင်လေးငယ်ငယ်ကို ဖမ်းချုပ်ထားရတယ်။
" ငယ်ရယ်...ငယ်ဘာဖြစ်နေတာလည်းဆိုတာ ကိုကိုကသိမှ ပြန်ချော့လို့ရမှပေါ့ ။ ဒါကြောင့် ပြောပြနော် အခု ငယ်ဘာဖြစ်နေတာလည်း..."
" ဘာမှ မဖြစ်ပါဘူးဆို "
ကယ်ကြည့်ဗျာ တစ်ကယ့်ကို ဂျစ်တီးဂျစ်ကန်နဲ့ ကောင်လေးငယ်ငယ်က ခေါင်းခါပြန်တယ်။
အော်...ပိစိငယ်ငယ်ရယ်....။
တစ်ကယ်တော့ ဝမ်ရိပေါ်ဟာ ကိုကို့ကို စိတ်ဆိုးနေတာမဟုတ်ပဲ ရှက်နေတယ်ဆိုတာ ဘယ်လိုမျက်နှာနဲ့ ပြောပြရမှာလည်း။ စတင်ဦးဆောင်သူဟာ ကိုကိုဆိုပေမယ့် ခရီးအဆုံးထိ ဆက်ခေါ်သွားခဲ့တာ ဝမ်ရိပေါ်မလို့ ဝမ်ရိပေါ် သိပ်ကို ရှက်နေခဲ့ပါတယ်။ ဒီကြားထဲ ရိပေါ်ကို လက်လေးပိုက်ပြီး ပြုံးစစနဲ့ ထိုင်ကြည့်နေတဲ့ ကိုကိုကြောင့် ရိပေါ်စိတ်တွေ မကြည်မသာဖြစ်နေရပါတယ်။ ဒါကြောင့် ကိုကို့နားက ရှောင်ထွက်သွားဖို့ပြင်ပေမယ့် ကိုကိုက အတင်ဖက်ဆွဲထားကာ ဘာဖြစ်နေတာလည်း မေးနေတဲ့အခါ ရိပေါ်မှာ ခေါင်းလေးခါပြပေမယ့် ကိုကိုက မယုံပါတဲ့။