Chapter - 29

4.3K 465 14
                                    

သားကိုလိုချင်ရင် မိဘတွေကို အပိုင်ကပ်ရတယ်လို့ ဘယ်သူကများ ဝမ်ချင်းကို ပြောပြထားပါလိမ့်။ အခု ဝမ်ချင်းကတော့ ရှောင်းကျန့်ကို လိုချင်၍ ရှောင်းကျန့်မိဘတွေအိမ်ခဏခဏလာပြီး ရှောင်းပါပါးနဲ့ လီလီကို အပိုင်ကပ်နေသည်။ ကုမ္ပဏီဆင်းချိန်ဆို ဟင်းချက်စရာဝယ်ပြီး ရောက်လာတာကတစ်မျိုး ၊ လိုအပ်မယ်ထင်လို့ ပစ္စည်းတွေ ဝယ်လာပေးတယ်ဆိုတာက တစ်ဖုံ၊ ကုမ္ပဏီကိစ္စတွေ နားမလည်လို့ အိမ်လာမေးပါတယ်ဆိုတာက တစ်နည်း ၊ ရှောင်းပါပါးနဲ့ လီလီကို သီးသန့်လာတွေ့တာက တစ်မျိုးနဲ့ ဝမ်ချင်းဟာ ရှောင်းအိမ်တော်ကို ဝင်ထွက်သွားလာနေခဲ့သည်။

" ကိုကို အောက်မှာ မမဝမ်ချင်းရောက်နေတယ်.."

ဝမ်ရိပေါ်သည် အိပ်ယာထဲမှာ အိပ်ပျော်နေဆဲဖြစ်တဲ့ ရှောင်းကျန့်ကို အသာအယာလှုပ်နိုးသည်။ တစ်ကယ်ပဲ ကုမ္ပဏီပိတ်ရက်လေး နားရတာတောင် ကောင်းကောင်းမနားရဘူး။ အိမ်အထိ လာရှုပ်တဲ့ ဝမ်ချင်းကို ရိပေါ်တစ်ကယ် အမြင်တွေ မကြည်မိတော့ဘူး။ ရိပေါ်လှုပ်နိုးမှုကြောင့် မျက်လုံးလေးဖွင့်ဟလာသည် ရှောင်းကျန့်သည် မနက်ခင်း အိပ်ယာနိုးစ ကောင်လေးငယ်ငယ်ရဲ့ အလှကို အိပ်ယာထပ်က ရှု့စားနေသည်။

" ကိုကို "

" အင်း... ငယ် "

" နိုးပြီလား..."

" အင်း နိုးပြီ.."

" အဲ့ဒါဆိုထတော့ အောက်မှာ မမဝမ်ချင်းရောက်နေတယ်.."

" ဟေ့ ပိတ်ရက်ကြီးလေ သူက ဘာလာလုပ်တာလည်း..."

" မနက်ဖန် meeting အတွက် ပြင်စရာရှိလို့ဆိုလား..."

" အား....အစောကြီးကိုကွာ..."

" စောမနေနဲ့ ထတော့ သူမက မနက်စာ အတူစားရအောင်စောင့်နေတယ်တဲ့ "

ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့် နှာခေါင်းလေးရှုံ့သည်။

" ရားးးဝမ်ချင်းက ချီးတွင်းကြီးပါကွာ..."

အိပ်ယာထဲကနေ မည်တွန်းနေတဲ့ ရှောင်းကျန့်ကို ကြည့်ကာ ဝမ်ရိပေါ်သဘောကျစွာရယ်သည်။

" မရယ်နဲ့ "

" သဘောကျလို့ပါ ကိုကိုရာ..."

" ကိုကို့ကို သဘောကျတာလား "

Love is Blind ( Completed  )Donde viven las historias. Descúbrelo ahora