Zawgyi
ဘယ်နားကိုကြည့်ကြည့် မဲမှောင်နေတဲ့ လေဟာပြင်တွေပဲမြင်နေရတယ်။ သွားချင်တိုင်းလည်းမသွားရ စားချင်တိုင်းလည်းမစားရ။ ဒါကြီးက ပါပါးကိုသူပြန်ပြောမိလို့ ဘုရားရှင်ကဒါဏ်ခက်ခြင်းပဲလား။ သူ့ဝ၌ဒုက္ခကကြီးမားလွန်းတယ် မမြင်ရတော့တဲ့ မျက်လုံးတွေရယ် ပြီးတော့ ဘယ်မှမသွားနိုင်တော့တဲ့ ခြေထောက်နှစ်ချောင်း။
" သားရှောင်း ထမင်းစားကြရအောင်နော် "
ဝီးချဲလေးနဲ့ ပြတင်းပေါက်နားထိုင်နေတဲ့ ရှောင်းကျန့်ကိုအသံပေးပြီးဝင်လာတဲ့ လီလီ။ လီလီဟာ ရှောင်းကျန့်ရဲ့ မိဒွေး။ ပြောရမယ်ဆို ပါပါးရဲ့ ဒုတိယဇနီး။ ဒုတိယဇနီးဆိုပေမယ့် လီလီကို ပါပါးက ရှောင်းကျန့်မာမားဆုံးသွားမှ တစ်ပင်လဲ၍ တစ်ပင်ထူလိုက်တာဖြစ်သောကြောင့် ရှောင်းကျန့် စကားတွေ ထွေထွေထူးထူးပြောမနေခဲ့ပါဘူး။ ပါပါးဒုတိယအိမ်ထောင်စတည်တော့ သူကျောင်းတောင်မပီးသေးပါ။ ပြီးတော့ ပါပါးကောက်ယူခဲ့တဲ့ ဇနီးမယားဟာ အိမ်မှာအလုပ်လုပ်တဲ့သူဖြစ်နေတာကြောင့် လူမသိ သူမသိဒီအတိုင်းလေးပဲ ဖြစ်နေမယ်ထင်ပြီးတော့ရောပေါ့။ ဒါပေမယ့်အထင်လွဲစွာ ပါပါးက လီလီကို အိမ်ပြင်ခေါ်ထုတ်တယ်။ လီလီကို ပါပါးရဲ့ဒုတိယဇနီးမယားအဖြစ် ပွဲထုတ်ခဲ့တယ်။ ဒါလည်းသူဘာမှမပြောပေမယ့် လီလီရဲ့သားကိုပါ အိမ်ခေါ်လာဖို့အထိကြိုးစားလာတာတော့ ရှောင်းကျန့်လုံးဝသဘောမကျတော့ပါ။ အခုတော့ အဲ့ဒီကောင်အတွက် ပါပါးနဲ့သူ စကားတွေများကြရတဲ့အပြင် ကန်းသွားတဲ့ သူ့မျက်စိတွေ ကျိုးသွားတဲ့ သူခြေထောက်နှစ်ချောင်း။
လီလီ ထမင်းပန်းကန်လေးကိုင်ပြီး ရှောင်းကျန့်နားအသာတိုးကပ်သွားခဲ့သည်။
" သားရှောင်း "
ဝီးချဲပေါ်ထိုင်ပြီး ပေါင်ပေါ်တင်ထားတဲ့ ရှောင်းကျန့်လက်ဖမိုးအေးအေးပေါ် ရောက်ရှိလာတဲ့ နွေးထွေးတဲ့ လက်ဖဝါးလေးတစ်ဖက်။
" ဖယ်စမ်း "
ခွမ်း... !!
ထိုလက်ကိုရှောင်းကျန့် အားနဲ့လက်ပြန်ရိုက်ချလိုက်တာကြောင့် လီလီကိုင်ထားတဲ့ ထမင်းပန်းကန်သည် မြေပေါ်ကျကွဲသွားသည်။