ရှောင်းကုမ္ပဏီရှေ့ ထိုးရပ်လာတဲ့ ကားလေးတစ်စီး။ ထိုကားလေးရပ်လာသည်နှင့် ဂိတ်စောင့် ဝန်ထမ်းလေးသည် တစ်စုံတစ်ခုကိုကောက်ယူပြီး ကားလေးနားတိုးကပ်သွားသည်။ ကားတံခါးလေး ပွင့်လာသည်နှင့် ဆင်းလာတဲ့ ကောင်လေးတစ်ယောက်။ ထိုကောင်လေးသည် ကားပေါ်က ဆင်းဆင်းခြင်းပင် တစ်ဖက်ကားတံခါးကို သွားဖွင့်ပေးသည်။ ထိုကောင်လေး ဖွင့်ပေးလိုက်သည့်ကားတံခါးအောက်ခြေနား ဘီးဆင်းရလွယ်အောင် ခုံလေးချပေးလာတဲ့ ဝန်ထမ်းလေး။
" ကိုကို ဖြေးဖြေးနော် "
ဝမ်ရိပေါ်သည် ဘီးချခုံလေးကို သေချာအောင်ထိန်းကိုင်ပေးပြီး ရှောင်းကျန့် ဝီးချဲလေးကို ဖြေးဖြေးဆင်းစေသည်။ ရှောင်းကျန့် ဝီးချဲလေး အောက်သေချာရောက်သွားမှ စိတ်ချသွားတဲ ဝမ်ရိပေါ်သည် ရှောင်းကျန့်ဝီးချဲလက်ကိုင်လေးကိုနောက်က သွားထိန်းကိုင်လိုက်သည်။ ထို့နောက် ကုမ္ပဏီဝင်ပေါက်တည့်တည့်မှ ကုမ္ပဏီအတွင်းသို့.....
ဝီးချဲပေါ်ထိုင်နေတာတောင် ခန်းထည်နေတဲ့ ရှောင်းကျန့်သည် မျက်နှာထား တည်တည်နဲ့ပင် ဝမ်ရိပေါ်တွန်းပေးလာတဲ့ ဝီးချဲလေးနဲ့ ကုမ္ပဏီအတွင်းသို့ ဝင်လာခဲ့သည်။ ဝမ်ရိပေါ်သည် ရှောင်းကျန့်ရဲ့ ဝီးချဲကို အသာအယာတွန်းပေးရင်း ကုမ္ပဏီအတွင်းသို့ ဝင်ရောက်လာစဉ် ပတ်ဝန်းကျင်၏ စူးစမ်းလေ့လာမှုတွေကို မျက်ကွယ်ပြုထားသည်။
" ကိုကို "
" အင်း "
ဝမ်ရိပေါ်ခေါ်လိုက်သည်ကို နောက်လှည့်ကြည့်ကာ ထူးလာတဲ့ ရှောင်းကျန့်ကြောင့် ဝမ်ရိပေါ် သဘောကျစွာ ရယ်ရသည်။ မျက်စိပြန်မြင်ပြီဆိုလာကတည်းက သူနှင့် ကိုကိုသည် မျက်လုံးချင်းဆုံပြီးတော့သာ စကားတွေပြောကြသည်။
" ဒီနေ့ အစည်းဝေးရှိတယ်ဆို "
" အင်း ၉ နာရီ "
" အခုတောင် ၈ ခွဲနေပြီကို "
" နာရီဝက်တောင်လိုသေးတဲ့ဟာ "
" ဒါပေမယ့် နာရီဝက်ထဲ နားရမယ့်ကိုကိုက ပင်ပန်းမှာပေါ့ "
ဝမ်ရိပေါ်စကားကြောင့် ရှောင်းကျန့်သဘောကျစွာရယ်သည်။ အလုပ်လာပါတယ်ဆိုမှ နားချိန်မရှိတော့ဘူးပေါ့ပြောနေတဲ့ ကောင်လေးငယ်ငယ်ဟာ တော်တော်ဆိုးပါသည်။