Zawgyi
ထိယုံလေးနဲ့ပင် နူးညံ့မှုကိုခံစားလိုက်ရတာကတော့ အတိုင်းထက် အလွန်ပါ။ ပြုံးယောင်သန်းသွားတဲ့ နှုတ်ခမ်းလေးကြောင့် အနီးကပ်လက်လေးနဲ့ ထိကိုင်ကြည့်လိုက်ပေမယ့် ပွင့်ဟလာပြန်တဲ့ နှုတ်ခမ်းလေးကြောင့် မရည်ရွယ်ပဲ သူ့နှုတ်ခမ်းပါးလေးနဲ့ ထိယုံကပ်ကြည့်မိတယ်။ ဒါဟာဘာကြောင့်လည်း ။ အထိအတွေ့မှာ မလွန်ဆန်နိုင်ဘူးပြောရအောင်ကလည်း သူက ယောကျာ်းစစ်စစ်တစ်ယောက်ပါ။ ပြီးတော့ ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကလည်း ယောကျာ်းစစ်စစ်တစ်ယောက်ပဲ။ ရှောင်းကျန့်စိတ်ရှုပ်ထွေးစွာ ခေါင်းလေးခါလိုက်မိတယ်။
တစ်ကယ်ပဲရှောင်းကျန့်ရာ မင်းဘာဖြစ်နေတာလည်းကွာ......။
ရှောင်းကျန့်စိတ်ရှုပ်ထွေးစွာ ငြီးငြူပြီး ဝီးချဲလေးကို လက်နဲ့တွန်းပြီး ပြတင်းပေါက်နားရွေ့ယူလိုက်သည်။ ပြတင်းပေါက်တံခါးဖွင့်ထား၍ ည၏ မှောင်မဲခြင်းသည် ခြံဝန်းထဲမှာ ပြည့်လျှ့နေတာကိုတွေ့လိုက်ရသည်။ ထိုညအမှောင်ထဲမှာမှ တစ်ချက်တစ်ချက်အော်မည်လာတက်တဲ့ ညပိုးကောင်လေးတွေရဲ့အသံလေးတွေပင် ကြားရသေးသည်။
တစ်ဒိန်းဒိန်းခုန်နေတဲ့ရင်ဘက်ကိုဖိပြီး မှောင်မဲနေတဲ့ ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိတဲ့ရှောင်းကျန့်။ သူတစ်ကယ်ရင်ခုန်နေသည်။ ဒါဟာ အခုမှမဟုတ်။ သူ မျက်စိကုပြီး တရုတ်ကိုပြန်လာကာစ သူတို့နားကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ တိုးကပ်လာတဲ့ ကောင်လေးတစ်ယောက်ကို မြင်မိလိုက်ကာစကဖြစ်သည်။ အဲ့ဒီနေ့က ဒီကောင်လေးဟာ ဘယ်သူလဲဆိုတာ မျက်မှန်မဲကြီးအောက်က သူစူးစမ်းနေစဉ် သူးနားလွင့်ပျံလာတဲ့ ကိုယ်သင်းရနံ့လေးကြောင့် သူပြုံးသွားရသည်။
သူဟာ ပါပါးရဲ့ဒုတိယမိန်းမ၏ မယားပါသား။ ဒါကြောင့် သူကောင်လေးကို မုန်းနေလို့ဖြစ်မှာပါဆိုတာတွေးထားပေမယ့် မဖြစ်နိုင်တဲ့အရာတစ်ခုကို ဖမ်းဆုတ်မိထားပြန်တယ်။ အဲ့ဒါဟာ ကောင်လေးရဲ့ အပြုအစု အယုအယမှာ သူသာယာနေတာ။ ဒါဟာလည်း သူကောင်လေးကို အမြင်မကြည်လို့ဖြစ်မှာပါလို့ တွေးထားပေမယ့် အခုတော့ ပို၍ လှုပ်ရှားလာတဲ့ ရင်ခုန်သံတွေ၊ ကောင်လေးကို ဂရုစိုက်ပေးနေချင်မှုတွေ၊ ကောင်လေးကို အရင်လို ဥပေက္ခာမပြုနိုင်တော့တာတွေ၊ ပြီးတော့ ကောင်လေးကို သူအရင်လို မမုန်းတော့တာတွေရောပေါ့...။