" ဟဲ့ အဲ့ဒါဆို သူမက သူဋ္ဌေးရှောင်းနဲ့ ဘာမှမဟုတ်ဘူးပေါ့ "
" အေးပေါ့ဟ ဒါများ အရှက်မရှိ သူဋ္ဌေးရှောင်းကျန့်နဲ့ သူမက ချစ်သူရည်းစားတွေလို အခုပဲ ယူတော့ လက်ထပ်တော့မှာလိုလိုနဲ့ အခုတော့ သူဋ္ဌေးရှောင်းကျန့်က ယောကျာ်းချင်းယူသွားတော့ ရှပြီးကျန်နေခဲ့တာပေါ့ဟဲ့ "
" အေးဟယ် ရယ်ရပါတယ် အဟစ်ဟစ် "
သူမရှေ့မှာမလို့ သူမကြားအောင် ရွဲ့စောင်း ပြောနေတဲ့စကားတွေကို ကြားနေရတဲ့ ဝမ်ချင်းမှာ မျက်နှာလေးပျက်ပြီး ရှေ့ပဲ ဆက်သွားရမလို နောက်ပဲ ပြန်ဆုတ်ရမလိုနဲ့ နောက်ဆုံး နေရာမှာပဲ ရပ်နေခဲ့လိုက်တော့သည်။
တစ်ကယ်တန်း သူမဟာ ရှပြီး ကျန်နေခဲ့တာတင်မဟုတ်ပဲ တစ်ကယ် ချစ်ခဲ့မိလို့ အသည်းပါကွဲပြီးကျန်နေခဲ့ရတယ်ဆိုတာတော့ သူမ ဘယ်သူ့ကိုမှ မပြောပြတော့ပါဘူး။
ကျိုးချန် နေရာမှာပင် ရပ်ပြီး မျက်နှာလေးပျက်နေတဲ့ ဝမ်ချင်းကို ငေးကြည့်နေမိသည်။ ဝမ်ချင်းနှလုံးသားဟာ ချက်ချင်း ပြောင်းလဲဖို့ မလွယ်တဲ့ ကျောက်ရိုင်းလေးတစ်ပွင့်လိုပဲ။ ရှောင်းကျန့်နားမှာ ရှိနေတဲ့ အရိုင်းတုံးလေးအဖြစ်သာ ရှိနေခဲ့သေးတယ်။ အဲ့ဒီအရိုင်းတုံးလေးကို သွေးယူပြီး ပြုပြင်ယူဖို့ ကျိုးချန် ကြိုးစားနေခဲ့ပါတယ်။
" ဟယ်လို ဝမ်ချင်း "
ပခုံးကို ဖွဖွပုတ်လို့ ခေါ်လာတဲ့ ကျိုးချန်ကြောင့် ဝမ်ချင်း အသာအယာလှည့်ကြည့်ပြီး ကျိုးချန်ကို ပြုံးပြလိုက်မိသည်။
" ဟိုင်း ကျိုးချန် "
" ရုံးခန်းထဲသွားမှာမလား ငါလည်း အဲ့ဒီကို သွားမှာမလို့ အတူသွားကြရအောင် "
သူမဘေးနားမှာ ယှဉ်ရပ်ပြီး ပြောလာတဲ့ ကျိုးချန်စကားက်ု ဝမ်ချင်း ခေါင်းငြိမ့်လိုက်သည်။ တစ်ယောက်တည်းရှိနေချိန်မှာ အတင်းပြောခံနေရတာထက် လူနှစ်ယောက်ရှိနေချိန်မှာ ပြောနေတဲ့ အတင်းတွေဆို သူမ ဂရုမစိုက်မိတော့ဘူးလေ။ ဘာလို့လည်းဆိုတော့ ဘေးနားမှာ အဖော်ရှိနေတာကို...။
" အင်း ကျိုးချန် ငါတို့ အတူသွားကြတာပေါ့ "
............