Zawgyiဝီးချဲပေါ်မှာနောက်မှီထိုင်ပြီး နားကြပ်လေးတပ်ကာ ငြိမ်နေတဲ့ ရှောင်းကျန့်ကိုငေးကြည့်နေတဲ့ ဝမ်ရိပေါ်။ ဒါဟာ ကုမ္ပဏီမှာ တစ်နေ့တာ ဖြစ်ပွားခဲ့တာကို အသံသွင်းပြီး နားထောင်နေတာပါ။ ကိုကိုဟာ ညအိပ်ခါနီးအထိအောင် မျက်မှန်မဲကြီးကို မချွတ်စတမ်း တပ်ထားတက်တယ်။ အခုလည်း ညကြီးမိုးချုပ် အခန်းထဲရှိနေတာတောင် မျက်မှန်မဲကြီးနဲ့.... ။
" ကိုကို "
ဝမ်ရိပေါ်ခေါ်လိုက်ပေမယ့် ရှောင်းကျန့်ဟာ နားထဲမှာနားကြပ်ထည့်ပြီး အာရုံစိုက်နေတာကြောင့် ကြားလိမ့်မယ်မထင်။
ဝမ်ရိပေါ်သူထိုင်နေရာမှအသာထပြီး ရှောင်းကျန့်ရှေ့ရောက်သွားခဲ့သည်။ အနီးကပ်ရောက်မှဝမ်ရိပေါ်ပြုံးမိသွာရသည်။ ကိုကိုဟာ မျက်မှန်မဲကြီးတပ်ပြီး အိပ်ပျော်နေတယ်ဆိုတာ ဝမ်ရိပေါ်သိလိုက်တယ်လေ။
ဝမ်ရိပေါ်သဘောကျစွာ ရယ်မောလိုက်ရင်း ခါးလေးကိုကိုင်းကာ လက်လေးနှစ်ဖက်ကို အသာအယာဆန့်ထုတ်လိုက်တယ်။ ပြီးမှ ကိုကို့မျက်နှာပေါ်ရှိ လှပလွန်းတဲ့ မျက်ဝန်းညိုကြီးတွေကို ဖုံးကွယ်ထားတဲ့ နေကာမျက်မှန်မဲကြီးကို အသာအယာဖြုတ်ယူလိုက်သည်။
အိပ်ပျော်နေတာမဟုတ်ပဲ နေ့လည်ကသွင်းထားတဲ့ လုပ်ငန်းကိစ္စတွေကို ပြန်နားထောင်နေတဲ့ ရှောင်းကျန့်ဟာ အလုပ်ထဲမှာ အာရုံစူးစိုက်မှုအပြည့်။ ထိုအချိန်မှာပဲ သူ့နားတိုးကပ်လာတဲ့ ကိုယ်သင်းရနံ့ဖျော့ဖျော့ကြောင့် ရှောင်းကျန့်အာရုံတွေထွေပြားသွားရသည်။
ဒီကောင်လေး သူ့နားကို ဘာလာလုပ်ပြန်ပြီလဲ...။ အတွေးလေးမှ မဆုံးခင် သူ့မျက်နှာပေါ်ရောက်လာတဲ့ လက်ချောင်းနုနုလေးတွေကြားမှာ သူ့ရဲ့ မျက်မှန်မဲကြီးက ပါသွားခဲ့သည်။
ရှောင်းကျန့် မျက်ဝန်းလေးတွေ ဖျက်ကနဲဖွင့်ချလိုက်သည်။ ဖျက်ကနဲ ပွင့်ဟလာတဲ့ မျက်ဝန်းညိုကြီးတွေကြောင့် ဝမ်ရိပေါ် ရှောင်းကျန့်မျက်နှာပေါ်မှ ယူနေတဲ့ မျက်မှန်မဲကြီးကို ချထားရမလို ကိုင်ထားရမလို...။
" ရိပေါ် "
" ဗျာ ကိုကို "
" မင်းဘယ်မှာလဲ "