Part - 1

846 63 22
                                    


အခန်းလေးထဲ၏ ကုတင်ပေါ်တွင် ဝက်ဝံရုပ်သေးသေးလေးဖက်ထားကာ အိပ်နေသော ဖြူဖြူဖွေးဖွေးကောင်လေးတစ်ယောက်ကို လူကြီးများဟာ နှိုးမနှိုးကို အခန်းတံခါးလေး သာသာလေး ဟကာ တစ်ယောက်ပြီးတစ်ယောက်လာကြည့်ကြလေသည်။

စောင်လေးခြုံကာ အိပ်မောကျနေသော ကောင်လေးဘေးဝယ် များပြားလှသောအရုပ်များနှင့်ပြည့်နှက်နေသည်။ဘေးကစားပွဲခုံပေါ်တွင်လည်း အရုပ်သေးသေးလေးများဟာင်္စီနေအောင် နေရာချထားပြီး ကြမ်းခင်းတွင်လည်း အရုပ်များကနေရာယူထားကြသေးသည်။

မကြာခင်မှာဘဲ ကောင်လေးကနိုးလာကာအရုပ်လေးကိုပိုက်ပြီး အခန်းထဲဟိုဒီကြည့်ကာ ကုတင်ပေါ်မှဆင်းပြီး အခန်းတံခါးဖွင့်ကာ အပြင်ထွက်လာတော့သည်။

" နိုးပြီလား ဟွန်းနီလေး "

မျက်လုံးလေးပွတ်သပ်ကာ အရုပ်လေးကိုပိုက်ထားသော ညီငယ်လေးက အနားရောက်လာကာ လက်မောင်းကိုခိုတွဲရင်း

" နိုးပြီ ကိုကြီး ဟွန်းနီမျက်နှာသစ်ပေးနော် "

" သစ်ပေးမှာပေါ့ဗျာ လာရေချိုးခန်းထဲသွားရအောင် "

အခန်းတံခါးပြန်ဖွင့်ကာ ရေချိုးခန်းထဲဝင်စေပြီး ဘေစင်မှာထိုင်စေသည်။

" ပါးစပ်လေးဟပါဦး သွားလေးလည်းစိထားကိုကြီးက ဟွန်းနီသွားလေးတွေဖြူဖွေးသွားအောင် တိုက်ပေးမလို့ "

" ဟုတ် "

သွားတိုက်ပေးသည်ကိုငြိမ်ခံနေသည်။မျက်နှာလည်းသစ်ပေးကာ ရေချိုးဦးမလားမေးတော့ ခေါင်းငြိမ့်ပြသည်။ရေနွေးလေးစပ်ပေးကာ ကန်လေးထဲ အရုပ်လေးတွေထည့်ပေးခဲ့ပြီး ပြီးရင်လှမ်းခေါ်လိုက်နော်လို့ ပြောကာ အပြင်ထွက်လာရသည်။

အပြင်ရောက်တော့ အမေက အိပ်ယာခင်းကိုသန့်နေပြီး အလုပ်သမားလေးတွေက အရုပ်တွေနှင့်အခန်းသန့်ရှင်းရေးကိုလုပ်နေသည်။သူလည်း ဗီရိုဆီသွားကာဟွန်းနီအတွက် အဝတ်အစားရွေးနေရသည်။

ရေချိုးခန်းထဲကကောင်လေးကတော့ ကန်ထဲ အရုပ်တွေနှင့်ဆော့လို့နေသည်။အကောင်လေးတွေအပြင် ရေပေါ် ပေါ်စေသောစက်ရုပ်အရုပ်လေးတွေပါ ထည့်ပေးထားသည်ကြောင့် တစ်ယောက်တည်းစစ်တိုက်လိုက် ပါးစပ်ကလည်း ချ ချ တိုက် တိုက်ဆိုကာ အော်ရင်းဆော့နေလေသည်။

Essential Of My Life ( Completed )Where stories live. Discover now