Final

184 19 12
                                    


" ဘာလို့ပြန်လာခဲ့တာလဲ " ဆိုတဲ့စကားတစ်ခွန်းကိုရှင်းပြဖို့ ကင်မ်ဂျုံအင်ကတော်တော်လေးအချိန်ယူနေသည်။ဆယ်ဟွန်းမေးတဲ့စကားဟာ ရိုးရိုးလေးပါ။ဒါပေမယ့် အဓိပ္ပာယ်များစွာရှိနေတာကိုတော့ နှစ်ယောက်လုံးသိကြသည်။

" ဟုတ်ပြီ ကိုယ်ရှင်းပြမယ် "

ဂျုံအင်နဲ့ဟွန်းနီရည်းစားဖြစ်ကြတော့ အဖေကဘာမှမပြောပေမယ့် ဒီတစ်ယောက်တည်းကိုသာအချိန်ကြာတွဲလာတော့ ပတ်ဝန်းကျင်ရဲ့စကားတွေကြောင့် အမြင်မကြည်ဖြစ်လာသည်။

ဂျုံအင်ကိုယ်တိုင်ကလည်း ဟွန်းနီကို တစ်သက်တာအတွက်ရည်ရွယ်ထားသည်မို့ သူ့ဆုံးဖြတ်ချက်ကိုမပြောင်းလဲနိုင်။
အဖေက သူ့ကိုလိုလေးသေးမရှိတောင်ပြုစုပျိုးထောင်ပေးခဲ့တာမို့ ဒီထက်မြင့်တဲ့သူနှင့်လက်ဆက်စေချင်သည်။

တစ်နေ့သူနဲ့အဖေအကြီးကျယ်ရန်ဖြစ်ကြသည်။ထိုစဉ်တုန်းက ဟွန်းနီအဖေCompanyဟာ အောင်မြင်ကာစဖြစ်သည်။အဖေက ဟွန်းနီနဲ့သဘောမတူတာမို့ အတင်းနိုင်ငံခြားသွားဖို့ပြောသည်။

သူသာမသွားလျှင် ဟွန်းနီတို့မိသားစုဘဝပျက်အောင်လုပ်မယ်တဲ့။အဖေ့အာဏာဟာ ဘယ်လောက်သက်ရောက်သလဲဆိုတာ သူအသိဆုံးဖြစ်သည်။ဘိုးစဉ်ဘောင်ဆက် ချမ်းသာတဲ့မျိုးရိုးမို့ နိုင်ငံရေးရာလူကြီးပိုင်းအထိ သူတို့နဲ့မလွတ်ကင်းပါ။

ရုတ်တရက်မို့ ဟွန်းနီကို သူသွားမည့်အကြောင်းမပြောပြခဲ့ရပါ။ဒါပေမယ့်လည်း ဂျုံအင်မှာအဖေ့ဆီမှာကတိတစ်ခုတောင်းခဲ့သည်။

" အကယ်၍ ကျွန်တော်ပြန်လာခဲ့ရင်
ဟွန်းနီသာ တစ်ယောက်တည်းဆိုရင် ပြန်လာတာနဲ့ လက်ထပ်မယ်အဖေ "

" မင်း ဟိုမှာနှစ်အကြာကြီးနေရမှာနော်
မင်းကသာစိတ်မှန်နေပေမယ့် ဟိုကလေးကခုမှစိတ်ကစားတဲ့အရွယ် မင်းပြန်လာတဲ့အထိ သူမင်းကိုချစ်နေပါ့မလား?

နောက်ပြီးငါကရော မင်းကို ပြန်လာခွင့်
ပေးမယ်ထင်နေလား?!!
အရူးကွက်တွေ နင်းမနေနဲ့!! "

" ကတိသာပေးပါ အဖေ သူမချစ်လည်းဂရုမစိုက်ဘူး ကျွန်တော်သူ့ကိုချစ်တယ်
မေတ္တာမှန်ရိုးဆိုရင် သူကျွန်တော့်ကိုပြန်ချစ်လာမှာဘဲ "

Essential Of My Life ( Completed )Tahanan ng mga kuwento. Tumuklas ngayon