Part - 11

307 41 10
                                    

မနေ့ညကအစောကြီးအိပ်ပျော်သွားတာမို့ မနက်စောစောမှာဟွန်းနီလေးကနိုးလာပြီဖြစ်သည်။မျက်လုံးဖွင့်ချင်းချင်းမှာဘဲ လူကြီးကိုမြင်လိုက်တာမို့ ဟွန်းနီလက်လေးနဲ့လူကြီးပါးကိုဆွဲဆိတ်တာတောင် လူကြီးကနိုးမလာပါ။ဟိုဘက်ဒီဘက်လှည့်ကြည့်ရင်း နံရံကိုဖြေးဖြေးလေးလှည့်ကြည့်တော့ မနေ့ညကအရိပ်ကြီးမရှိတော့တာကြောင့် ဟွန်းနီလေးပျော်သွားရသည်။

" လူကြီး ထတော့လေ လူကြီးရေ ထတော့လို့ "

" ဘာလို့လဲ ဟွန်းနီရယ် အိပ်ပါဦး အစောကြီးရှိသေးတယ် "

" ဟင့်အင်းတော်ပြီ ထတော့မယ် ကိုကြီးဆီသွားမယ် လူကြီးထ "

ဂျုံအင်ကိုမရမကနှိုးကာ ထခိုင်းတာမို့ ပါးတစ်ဖက်ကိုအနမ်းပေးရင်ထမယ်ဆိုတော့

" ဟွန်းနီ သွားမတိုက်ရသေးဘူး "

" ဒါဆိုလည်း ကိုယ်ဘဲနမ်းလိုက်မယ်နော် မွ!! "

" အဟင့်~~ဘာလို့လာနမ်းတာလဲ သူလည်းသွားမတိုက်ရသေးဘဲနဲ့ အကျင့်ပုတ်ကြီး "

အော်ငိုနေသူလေးကို ဒူးခေါက်ကွေးကမချီကာရေချိုးခန်းထဲပို့ပေးရသည်။ရေချိုးဖို့အတွက်အကုန်ပြင်ဆင်ပေးကာ ထားခဲ့ပြီးဂျုံအင်ကတော့တစ်ခြားအခန်းမှာ မြန်မြန်သွားချိုးရသည်။

ဟွန်းနီအတွက်အဝတ်အစားထုတ်ပေးကာ ပြင်ဆင်ပြီးနောက် အောက်ထပ်ဆင်းလာတော့ ထမင်းစားခန်းထဲဝင်ကာမနက်စာအတူစားကြသည်။
အလုပ်ကိစ္စလေးနည်းနည်းပေါ်လာတာကြောင့် ဟွန်းနီကိုပြောပြီး အပေါ်ထပ်မှာသွားလုပ်ရသည်။
ဟွန်းနီကတော့ 15မိနစ်ဘဲစောင့်ပေးမယ်ဆိုကာ ခြံထဲပြေးသွားလေသည်။

လူကြီးကအလုပ် လုပ်ဦးမယ်ဆိုပြီးအပေါ်တက်သွားတော့ ဟွန်းနီလည်း ခြံထဲထွက်လာလိုက်သည်။မနေ့ညတည်းကမြင်ထားတဲ့ ဟိုဘက်အိမ်ရှေ့ကဒန်းကြီးကို စီးချင်လို့ လူရှိလားကြည့်ပေမယ့် တစ်ယောက်မှမရှိဘူး။

စလွယ်သိုင်းထားတဲ့အိတ်သေးသေးလေးကို ကိုင်ကာခုန်ဆွခုန်ဆွဖြင့် ဒန်းနားသွားနေသောဟွန်းနီလေးပါလေ။သို့သော်လည်း ဒန်းနားမရောက်ခင်မှာတင် အဟမ်းဆိုတဲ့အသံကြီးထွက်လာတော့ ခုန်ဆွခုန်ဆွသွားနေရာမှာရပ်သွားကာ အသံထွက်လာရာဘက်ကိုလှည့်ကြည့်လေသည်။

Essential Of My Life ( Completed )Donde viven las historias. Descúbrelo ahora