Part - 8

250 44 6
                                    

နီးကပ်လာသော မင်္ဂလာပွဲကြောင့်ဂျုံအင်မှာအလုပ်တွေကြိုဖြတ်ထားရသည်။
ဒေါ်လေးက အဖေ့ဆီသွားပြီးအကျိုးအကြောင်းပြောပြပါဆိုလို့ အလုပ်ကအိမ်ကိုပြန်လာရင် အဖေ့ဆီသွားပြီး ဘာတွေပြင်ထားကြောင်းပြောပြရသည်။ရုပ်ကတည်နေပေမယ့်လည်းဘာမှတော့မပြောပါ။အဖေလည်းသူ့မင်္ဂလာပွဲကိုအသိအမှတ်ပြုလာပြီထင်သည်။

ဖိတ်စာလည်းရိုက်ပြီးသလို ဘုရားကျောင်းကိုလည်းပြောထားပြီးပြီဖြစ်သည်။
ဟွန်းနီအတွက်ကတော့ ဘက်ခ်ဟျွန်းကအစစအရာရာအကုန်တာဝန်ယူသည်။
အကုန်အဆင်ပြေပေမယ့် နေဖို့အိမ်ကိစ္စကအဆင်မပြေပါ။

ဂျုံအင်က အမေအမွေပေးထားခဲ့သောအိမ်ကိုဟွန်းနီနဲ့အတူနေဖို့ ပြင်ဆင်မွမ်းမံထားပြီးပြီဖြစ်ပေမယ့်လည်း ဟွန်းနီလေးကလိုက်နေ မနေဆိုတာမသေချာပေ။လက်ထပ်ပြီးရင်ဟွန်းနီကိုသူနဲ့အတူ ဒီအိမ်မှာနေဖို့ပြောတော့ သူဌေးအိုတို့ကလက်ခံကြသည်။ဘက်ခ်ဟျွန်းကတော့ သူ့ညီလေးကိုမခွဲချင်ပေမယ့်လည်း လက်ခံပေးရှာသည်။

~~~Ring~~~

အသဲအသက်လေးအကြောင်းစဉ်းစားနေရင်း Ph ခေါ်တယ်ဆိုတော့ သူနဲ့စိတ်ချင်းဆက်နေသည်ဖြစ်မည်။
မြန်မြန်ကိုင်မှပါ မဟုတ်ရင်စိတ်ဆိုးနေလိမ့်မည်။

" လူကြီး !! "

အမလေး အော်လိုက်တာ နားကိုအူတက်သွားတာဘဲ။အသံပြဲလေး ကြာလေကြာလေ ပြဲပြဲလာတယ်။

" အင်းဟွန်းနီ ကလေး ကျောင်းဆင်းပြီလား "

" ဆင်းတာကြာနေပြီ လူကြီးကဘာလို့မလာသေးတာလဲ ဟွန်းနီစောင့်နေတာကြာလှပြီ "

" လာပါပြီဗျာ အဆောင်လေးထဲဝင်စောင့်နေနော် အပြင်မှာမကစားနဲ့နော် "

" သိတယ် မြန်မြန်လာ "

ဟွန်းနီကိုဒီတိုင်းအိမ်မှာဘဲနေရင် ကျန်းမာရေးမကောင်းဖြစ်လာမှာဆိုးတာကြောင့် ဟွန်းနီအတွက်အဆင်ပြေမယ့်ကျောင်းကို ဂျုံအင်ကိုယ်တိုင်စုံစမ်းကာ ထားပေးထားသည်။
စစတက်ချင်းကတော့ ငိုနေတာပေါ့ အိမ်မှာဘဲနေမယ်မတက်ချင်ဘူးလုပ်သေးသည်။

ဆေးမသောက်ဘဲဆန္ဒတွေပြနေတာမို့ ဘက်ခ်ဟျွန်းတို့မှာလည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ကြရသည်။တစ်ပတ်ကြာပြီးသည့်နောက်မှာတော့ အရင်လိုမငိုတော့ သူငယ်ချင်းအသစ်တွေရသွားလေသည်။ ကျောင်းကပေးတဲ့စာတွေလုပ်တယ်။ကျောင်းတက်ရင်းပျော်လာသည်ဖြစ်မည်။ ပိတ်ရက်လည်း ကျောင်းတက်မယ်ဆိုကာ လွယ်အိတ်ကြီးတကား ကားနဲ့ လုပ်နေတတ်သေးသည်။

Essential Of My Life ( Completed )Donde viven las historias. Descúbrelo ahora