Part - 15

192 22 4
                                    

ဟွန်းနီကလှေကားထိပ်မှာခေါင်းမူးတယ်ဆိုပြီး မေ့လဲသွားတာကြောင့် ဆေးရုံတင်ထားရသည်။အရေးပေါ်ခန်းကနေ သီးသန့်ခန်းကိုရွှေ့ထားရပြီး ဂျုံအင်မှာလည်းဟွန်းနီလက်ကိုကိုင်ကာ စောင့်နေရှာသည်။

ခဏနေတော့ဆရာဝန်လာကာ ဖြစ်စဉ်တွေပြောပြီး ဟွန်းနီကိုပိုဂရုစိုက်ပေးဖို့ နောက်ဖြစ်လာမယ့်လက္ခဏာတွေကိုစောင့်ကြည့်ဖို့ပြောသွားသည်။ဦးခေါင်းစစ်ဆေးတော့လည်းခွဲစိတ်ဖို့အဆင်မပြေသေးတာကြောင့် နည်းနည်းထပ်စောင့်ရဦးမယ်ဆိုသည်။

" ဖေဖေ ပြန်ရင်ဟွန်းနီနဲ့အတူ jerryကြည့်မယ်နော်"

" ဟုတ်ပါပြီ "

ဆေးရုံမှာမနေမှန်းသိတာမို့ အိမ်ခေါ်လာကြပြီး ဟွန်းနီကအဖေဖြစ်သူနှင့် TVကြည့်နေသည်။ဘက်ခ်ဟျွန်းတို့ကတော့ အတန်းချိန်ရှိသေးလို့သွားရသည်။
ဟွန်းနီကိုနောက်ပိုင်းပိုဂရုစိုက်ပေးရမှာမို့ ယောက္ခမအိမ်မှာဘဲနေရင်ကောင်းမလား
အိမ်ဘဲပြန်ရမလားစဉ်းစားရသည်။

ဟွန်းနီအမေကိုပြောပြတော့

" အိမ်ဘဲပြန်လိုက်ပါသားမက်ကင်မ်ရယ် ဒီအိမ်မှာဘဲနေမယ်ဆို ပတ်ဝန်းကျင်အမြင်မကောင်းဘူးလေ အစတည်းကဟွန်းနီလေးကိုအပြစ်မြင်နေကြတာ ထပ်ပြီးအပြစ်မမြင်စေချင်ဘူးကွယ် အန်တီတို့လည်း အားရင်အားသလို လာခဲ့ပါမယ် "

" မေမေ ဟွန်းနီကို မုန့်ကျွေး "

ယောက္ခမနဲ့စကားပြောနေရင်း ဗိုက်ဆာတယ်ဆိုကာ အရုပ်လေးပိုက်ပြီးရောက်လာလေသည်။ဂျုံအင်ကိုတော့မခေါ်။မခေါ်ဆို ခုဏဆေးတိုက်တုန်းက သူလေးငြင်းနေလို့ ရုပ်တည်နဲ့အတင်းတိုက်လို့မခေါ်တော့တာ။

ဟိုဘက်အိမ်ပြန်ရောက်တော့လည်း သူ့ကိုမပြောဘဲခေါ်လာပါတယ်ဆိုပြီး သောင်းကျန်းပြန်သည်။ဟိုဘက်အိမ်ကဒေါ်လေးကမုန့်လာပေးနဲ့ကြုံတော့ ဂျုံအင်အကြောင်းတိုက်လိုက်တာမှ ပုံလို့။တစ်ချက်တစ်ချက် ရှိုက်ပြီးတော့ကိုတိုင်တာ။

ပြီးရင်မီးဖိုချောင်ထဲသွား အဒေါ်ကြီးကိုချွဲပြီးမုန့်စားပြန်သည်။ညရောက်လို့လည်း တိုင်လို့ပြီးပြီထင်လား။ဘက်ခ်ဟျွန်းအိပ်ခန်းထဲထိသွားပြီးတိုင်တာ။

Essential Of My Life ( Completed )Onde histórias criam vida. Descubra agora