Part - 20

143 21 6
                                    


" ကိုကြီး ဒီကိုလာ "

" အမ် အင်းအင်း လာပြီ "

သတိရတည်းက ဂျုံအင်ကိုအကပ်မခံဘဲနေနေတာမို့ အဝေးကနေသာနေပေးရင်းကိစ္စဒူဝတွေကို လိုက်လုပ်ပေးမိသည်။အတိတ်ကိုသတိရလာတော့ အရင်ကကိစ္စတွေကိုသာ မှတ်မိတော့သည်။
အရင်လို ' ကိုကို ' ၊' လူကြီး ' လို့ ခေါ်သံတွေမကြားရဘဲ ' ခင်ဗျား ' ဆိုတာသာကြားရတော့သည်။

နှစ်ယောက်သဘောတူ လက်ထပ်ထားကြပါပြီလို့ပြောတုန်းကလည်း မယုံတာမို့ စာချုပ်နဲ့လက်ထပ်ပွဲကဓာတ်ပုံတွေကအစပြပေးတာတောင် သူ့ကိုလိမ်ယူပါတယ်ဆိုပြီး ထငိုတော့သည်။

" ဘက်ခ်ဟျွန်း ကျွန်တော်အိမ်ခဏပြန်လိုက်ဦးမယ်
ဟွန်းနီ ကိုယ်အိမ်ခဏပြန်လိုက်မယ်နော် "

" ခင်ဗျာ့ပါ့ခင်ဗျား ပြန်ချင်ပြန် ကျွန်တော်နဲ့မဆိုင်ဘူး "

" ဟွန်းနီ!... အေးဆေးနားပြီးမှလာလာလေ
ဂျုံအင် ဟွန်းနီအတွက်စိတ်မပူနဲ့ "

ဟွန်းနီကိုဘက်ခ်ဟျွန်းလှမ်းဟန့်ရင်း ပြောလာသောဂျုံအင်ခေါင်းငြိမ့်ပြလိုက်သည်။အခန်းထဲကထွက်လို့ တံခါးပိတ်ချိန် မျက်ဝန်းချင်းဆုံတော့လည်း သူ့ကိုမျက်စောင်းထိုးလိုက်ပြန်သေးသည်။

" ကိုကြီး သူကဘယ်လိုပြန်ရောက်လာတာလဲ ? "

ဂျုံအင်ထွက်သွားတာနဲ့ ဘက်ခ်ဟျွန်းလက်ကိုအတင်းဆွဲကာမေးတော့သည်။

" ဂျုံအင်လား? ကိုကြီးကြားတာတော့ သူ့အဖေနေမကောင်းလို့ လုပ်ငန်းတွေပြန်ဦးစီးဖို့ပြန်လာတယ်ကြားတာဘဲ သေချာတော့မေးမကြည့်မိဘူး "

လုပ်ငန်းဦးစီးဖို့လား?။သူ့အဖေနဲ့တည့်တာလည်းမဟုတ်။
ဆယ်ဟွန်းနဲ့ကင်မ်ဂျုံအင်တို့ တွဲတုန်းက သူ့အဖေက လက်မခံပါ။တစ်ဦးတည်းသောသားဖြစ်သည့်အပြင် ပတ်ဝန်းကျင်ကကဲ့ရဲ့တာမခံနိုင်တာလည်းပါသည်။

ကင်မ်ဂျုံအင်ကိုနိုင်ငံခြားအတင်းလွှတ်ပြီး
သူနဲ့အပေးအယူလုပ်ရတဲ့အထိ သူ့သားကိုဆယ်ဟွန်းနဲ့သဘောမတူခဲ့ပါ။
အဲ့တုန်းက အိမ်ကသဘောမတူရင်တောင် ဆယ်ဟွန်းကအိမ်ကိုပြောပြပြီး ဖေဖေအလုပ်မှာဝင်လုပ်ရင် ရပါတယ်ဆိုတာတောင် သူကလက်မခံ။

Essential Of My Life ( Completed )Where stories live. Discover now