Ep6
Unicode
စက္ကူပန်းတွေနဲ့ နံရံကြီးကို မှီကာ ပို့စ်အမျိုးမျိုးပေးနေသူ မောင်အကြည်ရောင်ရဲ့ အကြိုက်ကို ကျွန်တော်မျိုး camera men မောင်သူရမျိုးမြတ် လိုက်၍မမှီ။
"ဟာ...ဘယ်နှယ့်ကြီးတုန်း။ ခင်ဗျား ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်တက်ဘူးလားဗျ။ တော်ပြီ ဟိုနှစ်ယောက်ကိုဘဲ ရိုက်ခိုင်းတော့မယ်။ ခင်ဗျား သူတို့ရိုက်တာ ကြည့်ထား"
ကျွန်တော် ပါးစပ်ကလေး ဟောင်းလောင်းနဲ့ ဘာမှ မပြောနိုင်။
အရေးထဲ...ဘေးကနေ ယူနီဖောင်းတွေနဲ့ ဖြတ်သွားတဲ့ ကျောင်းသားကျောင်းသူလေးတွေက ကျွန်တော်အဆူခံရတာကြားတော့ တခစ်ခစ်ရယ်ကြသည်။
မဟုတ်မှလွဲ ဒီကလေးတွေက
State ကျောင်းသားကျောင်းသူတော့မဟုတ်။
ယူနီဖောင်းက အဖြူနဲ့ ငှက်ခါးအစိမ်း ချိတ်အဖြူ လေးတွေ။ပုဂံမှာရှိတာဆိုလို့...အော..ယွန်းပညာကောလိပ်ရှိသည်။ ဒီနားမှာဘဲနေမှာ။
ခနနေမှ သွားကြည့်ရအုံးမယ်။ကျွန်တော့် တပည့်တွေက လူငယ်တွေဆိုတော့
ဓာတ်ပုံရိုက်တာ အဆင်ပြေပြေနဲ့ပြီးသွားသည်။...
ထိုအခါမှ ကျွန်တော်လည်း ကိုးကိုးလက်ကို ဆွဲကာ ပွဲစျေးထဲ ခေါ်ရတော့သည်။
ဟိုနှစ်ယောက်ကတော့ အနောက်က ပါလာသည်။နံ့သာဖြူ ကုလားမက် တုံးတွေနားရောက်တော့
အဘွားအတွက်ဝယ်ရသည်။
ထို့နောက် ကိုးကိုးစားခြင်သမျှ အကုန် ပါဆယ်နဲ့ထုတ်လာရသေးသည်။မုန့်သိုင်းခြုံ၊မုန့်ခွက်ပြင်၊မုန့်လိပ်ပြာ၊ မုန့်လင်မယား၊ မုန့်လေပွေအကျိုး၊ နေကြာစေ့လှော်၊ ပဲစိမ်းစားဥအတွဲ
စတာတွေကို သူကိုယ်တိုင်ဝယ်ကာ ဘယ်သူ့မှ မသယ်ခိုင်း။
ဘယ်သူမှ မစားရပါဘူးဆိုတာတောင် မရပေ။ခနနေတော့ မြေအိုး စဥ့်အိုးတွေဘက်သွားကြသည်။
ကျွန်တော်က ရေတကောင်းတွေ သဘောကျသူမို့ ရေတကောင်း ၅အိုးဝယ်သည်။
ထို့နောက် စဥ့်နဲ့လုပ်ခါးတဲ့ ဆင်အရုပ်ကလေးတွေ ပြာခွက်ကလေးတွေ အလှထား၍ တန်ဖိုးရှိနိုင်မယ့် ပြည်တွင်းဖြစ်တွေ ဝယ်သည်။
YOU ARE READING
Let me be your Bad Boy (Completed)
Short Storyပထမဆုံး ရေးသားမှုဖြစ်ပါသည်။ 🌼🌼 ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဥ်မှုသာဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း မည်သည့်တစ်စုံတစ်ရာ၊မည်သည့်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။... Artharwaddy99 (July 5 ,2021 တွင် ရေးသားပြီးစီးသည်။) ပထမဆုံး ေရးသားမ...