Let me be your Bad Boy Ep(7)

6.5K 530 19
                                    

Unicode

ကျွန်တော် အိပ်ရာနိုးတော့ နေ့လည်၁၁ခွဲနေပြီ။
မန်းလေး ရောက်ပြီထင်ပါရဲ့။
"ဝါး"
ခေါင်းကိုဖွကာ ထထိုက်လိုက်ပြီး phကိုယူကာ
ခန့်ရှိန် ဆီ phဆက်လိုက်သည်။
"ဟယ်လို...အေး ငါပြန်ရောက်ပြီဟျောင့် "
ဟိုဘက်ကပြောတာပင်စောင့်မနေတော့ဘဲ
ပြန်ရောက်တာ အသိပေးပြီး ဖုန်းချကာ ကုတင်ပေါ်ကဆင်းလိုက်သည်။

​အခန်း ထဲကနေ ဝရံတာကိုထွက်လိုက်တော့ လေအေးအေးလေးကာ မျက်နှာကို တိုက်ခက်လာသည်။
အခုမှကြည့်မိတယ် ခြံက ကျယ်တာဘဲ။
Basketball ကစားတဲ့နေရာတောင်ပါသေးတယ်။

ပန်းပင်တွေကြားမှာလည်း ကွန်ကရစ်လမ်းလေးတွေ ရှိတော့ စကိတ်လည်း စီးလို့ရတာပေါ့။

"ကိုးကိုး"
"ဗျာ"
ကျွန်တော့်ကို အနောက်ကနေ
သိုင်းဖက်လာတဲ့ Daddy

"Daddyကို စိတ်ဆိုးနေသေးလား"
"ခနပါ.."
"အရမ်းချစ်တယ် "
"အွန်း"
"အိမ်လိုက်ပို့မယ် ပြန်ခြင်နေပြီမလား"
"အွန်း အခုပြန်ခြင်နေတာ"
"ကလေးကျနေတာ...အိမ်ရောက်တာနဲ့ရေချိုးနော်"
"ဟုတ်ပါပြီ"
....
.....
ကျွန်တော်အိမ်ပြန်ရောက်တာနဲ့ကျွန်တော့်ပ္စည်းတွေ ချခိုင်းပြီး ပြန်ခိုင်းလိုက်သည်။

"မားမား"
"လာပြီ ကိုးကိုးရေ..မမလာပြီ"
"ဦးဦးလာပြီ"

မမပိုးပိုးတို့ရောက်နေတာဘဲ။

အိမ်ထဲကနေ မပိုးရော ရွှေယောက်ဖရော မားမားရော တူမလေးရော ထွက်လာသည်။

မေမေနဲ့ မပိုးက ခရီးဆောင်အိပ်နဲ့ လက်ဆွဲအိတ်ကို ကိုင်ကာဝင်သွားကြသည်။
ထိုစဥ် ရွှေယောက်ဖက

"အကြည်ရောင်...ဒီထန်းခေါက်တောင်းက မင်းဟာလား.ကောက်ရိုးတွေရော"

ယောက်ဖဖြစ်သူ ကိုသက်ထက်နေက မေးသည်။

"ဟုတ်တယ် ဟုတ်တယ် တူမလေးအတွက် အသာချနော် ကွဲတက်တယ်"
ဆိုတော့ ယောက်ဖ က ပုခုံးပေါ်ထမ်းကာ အိမ်ထဲသယ်သွားသည်။

ကျွန်တော်က တူမလေး ''သက်တန့်ရောင်'' ကို ချီကာ ဝင်လာသည်။
"ဦးဦး''
"ဗျ''
"မီးမီးအတွက် လက်ဆောင်ပါလား"
"ပါပါ့ဗျာ...တောင်းကြီးတစ်လုံးဘဲ"

Let me be your Bad Boy (Completed) Kde žijí příběhy. Začni objevovat