Let me be your Bad Boy Ep(16)

5.8K 344 19
                                    

လမင်းကြီးက သာနေသည်။
ဇွန်ပန်းတွေကလည်း...အခန်းထဲထိမွှေးကြိုင်ကာနေသည်။

Daddyက. Tvကြည့်နေပြီး...ကြည်ညို လေးက Daddy ဂုတ်ပေါ်မှာ..စီးလို့။
ကျွန်တော် Daddy ပေါင်ပေါ် အိပ်လိုက်တော့...Daddyလက်တစ်ဖက်က...ကျွန်တော့်ဆံပင်လေးတွေ ကြားရောက်လာသည်။

"သားသား...ပြုတ်ကျ.....

ပြောတာပင်မဆုံးသေး...ပြုတ်ကျသွားသည်က...
Daddyအပေါ်မဟုတ်ဘဲ...အနောက်လှန်ကျတာမို့...ကြမ်းပြင်ပေါ်ကျသွားသည်။

ကျွန်တော်နဲ့ Daddy အလန့်တကြား... ဖြစ်သွားသည်။Daddyက မြန်မြန်ဆန်ဆန်ပင်
ကလေးကို ကောက်ပြီးချီလိုက်သည်။

"တော်သေးတာပေါ့...ခေါင်းက ကျတာမဟုတ်လို့''

"ကိုးကိုး...သားသားအတွက်...ရေတစ်ခွက်သွားယူ..လန့်သွားလောက်တယ်"

ဟုတ်သည်။ ငိုတာတောင်မရပ်တော့...
ကျွန်တော်ရေတစ်ခွက်...သွားခပ်ကာ...ကြည်ညိုလေးကို တိုက်လိုက်သည်။

"သားသား...ဘယ်နားနာသေးလဲ"
"ဟင့်အင်း..နာတော့ဘူး..ဖေဖေ"

ကျွန်တော်ပြုံးလိုက်ပါသည်။
ကြည်ညိုလေး ကျွန်တော်တို့အိမ်ရောက်လာကတည်းက...ဘယ်လိုခေါ်ပါလို့သင်မပေးရ။

သူကိုယ်တိုင်ကိုက..ကျွန်တော့်ကို ဖေဖေ လို့ခေါ်ပြီး...ကိုးကိုး ကို ပါးပါးလို့ခေါ်သည်။
တကယ်ဆို ကိုးကိုးနဲ့ ကြည်ညိုလေးက..၁၁နှစ်လောက်သာ ကွာသည်။

ပါးပါးလို့ ပထမဆုံးခေါ်ခံရတုန်းက...ကိုးကိုးက တိုးတိုးလေးလာပြောတာက..ရှက်တယ် တဲ့လေ။
ကျွန်တော်က သားသား လို့ခေါ်ပြီးကိုးကိုးကတော့..စိတ်ထင်ရင် သားသား.၊ စိတ်မထင်ရင် ကြည်ညိုဟုခေါ်သည်။

ဘာလို့ဒီလိုခေါ်တာလဲမေးတော့...''ကျွန်တော့်ကိုမွေးစားမှတော့...ကျွန်တော့် မိဘပေါ့''ဟုပြောသည်။

"ပါးပါးဆီ လာ...''

ကိုးကိုးက ကြည်ညိုလေးကို..ခေါ်ကာ...
သူ့ပေါင်ပေါ်တင်လိုက်သည်။

"ပါးပါး..."
"ဗျ"
"မုန့်စားခြင်တယ်"
"လာ..သွားစားရအောင်"

"ဟေ့...''
ကျွန်တော်က..အော်လိုက်တော့ နှစ်ယောက်စလုံးရပ်သွားသည်။

Let me be your Bad Boy (Completed) Tempat cerita menjadi hidup. Temukan sekarang