Let me be your Bad Boy Ep(18)

5.4K 344 11
                                    


ဒီနေ့ သားသားနဲ့ ကိုးကိုးကို ခေါ်ပြီး...Dinnerသွားစားဖြစ်သည်။

ည ၈နာရီလောက်ဆိုတော့ နေလို့လည်း ကောင်းသည်။ဒီနေ့မှ မိုးတွေက တဖွဲဖွဲ....

"Daddyကလည်း ဗျာ...မိုးရွာနေကာမှ..အိမ်မှာစားလည်းရနေတာ"
"မသွားရတာ ကြာပြီလေကွာ...''

ထိုအခါ ကိုးကိုးက အနောက်ကိုလှည့်ကာ
"သားသား ချမ်းနေပြီလား"
ဆိုတော့...သားသားက ခေါင်းယမ်းပြနေသည်။

"တွေ့လား မင်းသားက မာကျောတယ်"
.

ကျွန်တော်တို့ စကားတစ်ပြောပြောနဲ့...အဆင့်မြင့်စားသောက်ဆိုင် တစ်ခုရှေ့ရောက်လာသည်။
ထိုအခါ... ဝန်ထမ်းတွေက... လာကြိုကြသည်။

"Daddy. .သရဲကားထဲက စားသောက်ဆိုင်ဖြစ်နေအုံးမယ်နော်...လူလည်းမရှိ"

"မဟုတ်တာကွာ....တစ်ဆိုင်လုံးကို ငှားလိုက်လို့ပါ"

ဆိုင်းအတွင်းရောက်သွားမှ ဟင်ခနဲ့ဟာခနဲ့...
နှင်းဆီပန်းပွင့်ချပ်တွေ ခင်းထားကာ...ဘောလုံးတွေက အများကြီး....
ထို့နောက် Daddyက ခုံပေါ်မှာတင်ထားတဲ့...နှင်းဆီအဖြူအပွင့်တစ်ရာပါတဲ့ အစည်းကို လာပေးသည်။

ထို့နောက် ဒူးတစ်ဖက်ထောက်ကာ...ကတ္တီပါလက်စွပ်ဗူးလေးကို ဖွင့်လိုက်ကာ...
"Daddyနဲ့ လက်ထပ်နိုင်မလား"

အစက ကျောင်းပြီးမှ လက်ထပ်ဖို့ စီစဥ်ထားပေမယ့်...တွဲလာတာလဲ ကြာနေပြီဖြစ်သလို...သူ့သူငယ်ချင်းတွေတောင် ယူတဲ့လူက ယူကုန်ပြီ။
နောက်အပတ်ဆို...ခန့်ရှိန်တို့တောင် လက်မှတ်ထိုးကြတော့မှာမို့...အချိန်ဆွဲမထားခြင်တော့။

ကိုးကိုးက ကျွန်တော့်ကိုကြည့်ကာ...
"လက်ခံပါတယ်ဗျာ...ကျွန်တော်က လက်ထပ်ပြီးပြီလို့ကိုမှတ်နေတာ😁 အတူတူနေတာ ကြာနေတော့"

"ဒီလိုမှန်းသိ အိမ်မှာဘဲ..ရော့လက်စွပ်ဆိုပြီးပေးလိုက်ပါတယ်"

"Daddyနော်"
"ချစ်လို့ပါဗျာ...''
ကိုးကိုးကို ဖက်မယ်လုပ်ပြီးမှ...သားသားကို သတိရတော့သည်။
သားသားက ဘေးမှာ ထိုင်ကြည့်လို့...

"သားသား...သားသားအတွက်လည်းလက်စွပ်လေးပါတယ်...အခုဝတ်ဖို့မဟုတ်ဘူးနော်"

Let me be your Bad Boy (Completed) Donde viven las historias. Descúbrelo ahora