Let me be your Bad Boy Ep(12)

5.6K 355 34
                                    

"ငါတို့ Gp Photoလေးတွေ ရိုက်ရအောင်...
ပြီးတော့.. Pageမှာတင်ခြင်လို့"
ရှိန်းကိုကို ရဲ့ အစီအစဥ်လေးက သဘောကျစရာပင်။ရှိန်းကိုကိုက သူနှင့် သူ့လက်ထောက်
တစ်ယောက် ကိုဗညား ဆိုတဲ့လူနဲ့ ၂ယောက်ဆိုင်ထိုင်သည်။

"အဲ့အစီအစဥ်က ကောင်းသားဘဲ...မင်းလည်း..
လူလည်းမရှာရဘူး...မင်းpageလဲ လူသိတယ်"

ကျွန်တော်တို့၈ယောက်..gp photoတွေ ရိုက်ဖြစ်သည်။

တစ်ယောက်ချင်းလည်းရိုက်သည်။
ဒါမှ ဓာတ်ပုံရိုက်တာ ကောင်းမကောင်းသိရမည်။
ရှိန်းကို ရဲ့ pageက ဖွင့်ထားတာ ၁ပတ်လောက်ရှိပြီဖြစ်သည်။
ဒီနေ့မှ ကျွန်တော်တို့နဲ့ ဆုံ ကာ
ပထမဆုံးပုံတင်သည်။

အဝတ်အစားတွေလဲကြ..ရိုက်ကြနဲ့ ကိုယ့်လူတွေနဲ့ကို မူးနောက်နောက်ဖြစ်လာသလိုပင်။
အားလုံးပြီးသွားမှ အစားအသောက်ဝိုင်းကို ထိုင်လိုက်ကြသည်။

"ဟာ..ကွာ..မူးနေတာဘဲ..စစ်ဖြ်နေတဲ့အတိုင်းဘဲ"

ရဲထက်ပြည့်က ပြောလိုက်မှ...
မူးနောက်နေတာ ကျွန်တော်တစ်ယောက်တည်းမဟုတ်တာ သိတော့သည်။

အကင်တွေ ဗိုက်ဆာဆာနဲ့ စားနေချိန်မှ...
ရှိန်းကိုကို ဆီက အသံထွက်လာသည်။

ပုံတင်ပြီးပြီဟျောင့်တွေ...pageကို လူသိအောင်လုပ်ကြအုံး။

"ဘာလုပ်ရမှာ"
ဇူလိုင်ဒေး ကပြောတော့ အကုန်လုံးက ရှိန်းကိုကို အဖြေကိုစောင့်နေကြသည်။

"ဟာကွာ...စီးပွား​ေကျောင်းတက်နေကြပြီး...ကိုယ့်ပစ္စည်းကို ကြော်ငြာဖို့ တောင် အဲ့လောက်မသိဘူးလား။ ငါတို့နိုင်ငံက Social Media ပိုသုံးမှတော့...မင်းတို့ကို public နဲ့ Shareခိုင်းတာပေါ့ကွာ...ပြီးတော့...followerတွေက မင်းတို့တွေ အကုန်ရှိကြတာဘဲ"

ထိုအခါ...ဇူလိုင်ဒေးက

"ငါ့သဲလေး ရဲထက်ပြည့်ရယ် ကိုးကိုးရယ်...အကြီးကောင်ရယ်က ၃ခါလောက်Share"
"ဘာလို့တုန်း အငယ်ကောင်ရာ"
"မင်းတို့က အားလုံးထဲမှာ follower အများဆုံး"

ထိုအခါ ကျွန်တော်က.
..

"follower အနည်းဆုံးက ဘယ်သူ"

ထိုအခါ...ဇူလိုင်က သဘောကျစွာ..
"ထူးယံလေ....နေ့စဥ်နေ့တိုင်း...သူ့ပန်းလေးတွေ...ရိုက်တင်နေတာ..ငါတောင် မျက်စိနောက်တယ်...ဒါကို သူ့accကို followတဲ့လူရှိသေးတယ်...
သူ့wallထဲ ကြည့်လိုက်...Profile ဘဲ သူ့ပုံရှိတာ...အခြားဟာက ပန်းတွေ"

Let me be your Bad Boy (Completed) Opowieści tętniące życiem. Odkryj je teraz