Let me be your Bad Boy Ep(5)

8.1K 464 3
                                    


Ep. 5

နောက်တစ်နေ့ မနက်....ညောင်ဦးကားဂိတ်တွင်.....

ပြန်မယ့်နေ့ တွင် ပြန်မယ့်ထဲ ကျွန်တော်နှင့် ကိုးကိုးမပါပေ။

ခန့်ရှိန် နဲ့ မောင်မောင်ဦးက...အကြောင်းသိနေတော့ နှုတ်ဆက်ပြီး ကားပေါ်တက်သွားသည်။
သီရိမေ သူငယ်ချင်း ကလျာကတော့  ဘူ့မသိ ဘမသိ။

"မောင်.....နဲ့  ကိုသူရမျိုးမြတ် က ပြန်မလိုက်ဘူးပေါ့"
"အမ်.....ဟုတ်"

စိတ်ညစ်ပါတယ် Daddyအရှေ့မှာ တမောင်မောင်နဲ့။
Daddy မျက်လုံးတွေက အရောင် ထွက်နေသည်။

"သီရိရော နေခဲ့လို့ မရဘူးလား"
"မရဘူး အမသီရိ ကျွန်တော်တို့က ကိစ္စလေး ရှိသေးလို့ပါ......ပြီးတော့....ဟို....ကျွန်တော့်နောက် ခန လိုက်ခဲ့ပါ့လား''

ကျွန်တော့် စကားကြောင့် Daddyက မော့ကြည့်လာသည်။

ကျွန်တော်က Daddyကို ခေါင်းငြိမ့်ပြခဲ့ကာ...ခပ်လှမ်းလှမ်းမှာ စကားပြောလိုက်သည်။

"ပြောလေ မောင်"
"ကျွန်တော်တို့ ဆက်မတွဲ ကြတော့ရင်ကောင်းမယ်နော်"
"ဘာပြောတယ် နင်က..."
"အမ ကောင်လေး ကိုသီဟမှူး က ကျွန်တော့်ကိုပြောနေမှာစိုးလို့ပါ....Good Luck"
ထိုစကားကို ကြားတော့ သီရိမေ မျက်နှာက မည်းနေသည်။

ကျွန်တော်က ပြောခြင်တာပြောပြီး Daddyနားသွားလိုက်တော့ Daddyက ကျွန်တော့် ပခုံးကို ဖတ်ထားသည်။

ခနနေတော့ ကားထဲက ကျွန်တော့် သူငယ်ချင်းနှစ်ယောက်က လက်ပြကာ နှုတ်ဆက်သွားကြသည်။
...

ထိုစဥ်....

"မောင်..သွားကြမယ်"
"ဘာဗျ..."

မသီရိမေ ခေါ်သလို နွဲ့နှောင်းနှောင်းခေါ်လာသည့် Daddy

"ချစ်လို့ စတာပါ နောက်တာပါဗျာ....လာ...ပြန်မယ်"
"ခင်ဗျားနော်..ကျွန်တော့်လာပြီး ယီးယီးယားယား မလုပ်နဲ့ "
"ကြောက်ပါတယ် ကိုယ်တော်လေးရယ်"
"ကြောက်ရင်ပြီးတာဘဲ"

အမက်မင်းဗျာ.....သူ့ကို ကြောက်စေခြင်နေတာတဲ့။ လူက သေးသေးကွေးကွေးနဲ့။
သို့ပေသည့်.....ကိုးကိုးက အခုတလော...အရပ်ကြီးရှည်လာသလိုပင်။
....
ဆောင်းတွင်းဆိုသော်လည်း...ပုဂံနေပူတာကို ကျွန်တော် မခံနိုင်။
အရိုးသားဆုံးပြောရရင်...E Bikeကိုပင် မစီးနိုင်တာဆို ပိုမှန်လိမ့်မည်။
သိပ်ကိုပင်ပမ်းသည်။
ဒီလို ပြောလိုက်ရင်လည်း ကိုးကိုးက ကိန်းဂဏန်းကြီးတယ်ဆိုပြီးပြဿနာ ရှာမှာစိုးရသည်။...
ဟူး.......
E Bikeမောင်းရင်း သက်ပျင်းချလိုက်သည်။

Let me be your Bad Boy (Completed) Where stories live. Discover now