"သားသား''
"ဗျာ''သားသားက မုန့်စားနေရင်း မော့ကြည့်သည်။
"သားသား...ကျောင်းမှာ အဆင်ပြေလား"
"ပြေပါတယ်...သူငယ်ချင်းတွေနဲ့ အတူတူဆိုတော့ ''
"အာ့မေးတာမဟုတ်ဘူးလေကွာ...စာသင်ရတာအဆင်ပြေလားမေးတာ''
"သြော်...ပြေပါတယ် ဖေဖေရ..သားက စာတော်ပြီးသားဘဲကို...ဆေးကျောင်းဝါသနာမပါလို့...စီးပွားရေးကျောင်းရောက်သွားတာသာကြည့်"
"မင်းသူသူ ဆေး ကျောင်းမှီမှီ ဘာမှီမှီ အခုတော့ ပျက်စီးနေတာဘဲလေ"
"ဟင်..ဒီလောက်လိမ္မာတာ...''
"ကျေးဇူးပါဗျာ..ဒီလောက် လိမ္မာလို့"သားသား အရင်ကလို ဂုတ်ပေါ်ခွစီးတာတို့ ပေါက်ပေါ်ထိုင်တာတို့ မလုပ်တော့ပေမယ့်...သူ့ပါးပါးလို့...ကျွန်တော့်ပေါင်ပေါ် ခေါင်းအုံးအိပ်တက်သေးသည်။
သူ့ပါးပါးကျ ဝေးဝေးကရှောင်သည်။
ဒါပေမယ့်တစ်ခုခုဆို...သူ့ပါးပါးကိုသူက ပိုစိတ်ပူတက်သည်။ဘာလို့လည်းမေးရင်...
ဖေဖေက တစ်ခုခုလုပ်ရင် အရမ်းပါးနပ်တယ်...ဒေါသကိုထိန်းနိုင်တယ်၊ ပါးပါးက အခုထိ လူငယ်လိုဘဲ ဒေါသထွက်ရင် လက်ကအရင်မို့ စိတ်ပူတယ်တဲ့။အမှန်အတိုင်းပြောရရင်..သားသားက အရမ်းသိတက်သည်။ သူ့ပါးပါး လို တစ်ခါတစ်လေ ထထ ဆိုးတက်တာက လွဲရင် အကုန်အကောင်း။
စဥ်းစဥ်းစားစား ချင့်ချင့်ချိန်ချိန်နဲ့ နေတက်တာကတော့ ကျွန်တော့် အမွေရသည်ဆိုရမည်။
စီးပွားရေးအရမ်းဝါသနာပါသည်။
ကိုးကိုးဆို မနဲစီးပွားရေးဘက်ဆွဲခေါ်ရသည်။
သို့ပေမယ့် ကိုးကိုးက အတက်မြန်ပြီး ဖြတ်ထိုးညဏ်ကောင်းတော့...ကျွန်တော့်ကိုအမှီ လိုက်နိုင်သည်။
သားသားက ကျွန်တော်တို့ထက် ပိုတော်သည် ခေါ်ရမည်။
ကျွန်တော်တို့တုန်းက လက်တွဲခေါ်မယ့်လူမရှိပေမယ့်၊ သားသားကျ ကျွန်တော်ရော သူ့ပါးပါးရောက အရှေ့က နေ ဦးဆောင်ထားတာတွေနဲ့ မစိမ်းတော့ သူက နားလည်နေပြီ။ တစ်ခါတစ်ခါ အိမ်ပါလာတဲ့အလုပ်တွေ ကူလုပ်တက်သည်။သားသားက အရမ်းပြတ်သားသည်။
ကူညီတက်သည်။
ကူညီတဲ့နေရာမှာ..အရမ်းကွာသည်။
တောင်းနေတဲ့ကလေးတွေဆို...ဘယ်တော့မှ ပိုက်ဆံမထည့်။
ပိုက်ဆံထည့်မယ့်အစား...ရေခဲပုန်းနဲ့ ရေခဲချောင်းတွေ ထည့်ပေးလိုက်သည်။
BINABASA MO ANG
Let me be your Bad Boy (Completed)
Short Storyပထမဆုံး ရေးသားမှုဖြစ်ပါသည်။ 🌼🌼 ရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဥ်မှုသာဖြစ်ပါသည်။ မည်သည့်အဖွဲ့အစည်း မည်သည့်တစ်စုံတစ်ရာ၊မည်သည့်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်းမရှိပါ။... Artharwaddy99 (July 5 ,2021 တွင် ရေးသားပြီးစီးသည်။) ပထမဆုံး ေရးသားမ...