Let me be your Bad Boy Ep(13)

5.7K 370 34
                                    


မိုးတွေက တဖြောင်းဖြောင်းရွာချသည်။
ကျွန်တော် ကားအရှေ့အဖုံးပေါ်ထိုင်ရင်းကနေ လှဲချလိုက်ချိန်.. လျှပ်စီးလျှပ်နွယ်တွေက
တဝင်းဝင်း။

ထိုစဥ်ကားထဲမှာထားခဲ့တဲ့ ဟန်းဖုန်းက မြည်လာသောကြောင့်...ကားထဲဝင်လိုက်တော့..Daddyphဆက်တာဖြစ်သောကြောင့်...

#ငါ..phကိုင်သင့်ရဲ့လား#

စဥ်းစားနေတုန်း လက်က ဖုန်းကိုင်ပြီးသား။
"ဟယ်လို....Daddy''
"ကိုးကိုး အခုဘယ်မှာတုန်း.. Daddyအရမ်းစိတ်ပူနေတာ...''
"စိတ်မပူနဲ့ Daddy ကျွန်တော် ခနနေရင် ပြန်လာမှာ"
"Daddy ကိုးကိုးဆီလာမယ်လေ...အခုကိုးကိုးဘယ်မှာလဲ"
"ထားလိုက်တော့..ကျွန်တော်အခုပြန်လာတော့မှာ..Daddy အိမ်ကစောင့်နေ"

ကျွန်တော် phချကာ...အိမ်ကိုပြန်လာခဲ့သည်။

ကျွန်တော်ခြံထဲ ဝင်လာတာနဲ့...Daddyက အိမ်တံခါးပေါက်ဝမှာ ထိုင်စောင့်လို့နေသည်။

"ကိုးကိုး''
ကျွန်တော့် ဆီ အပြေးလာကာ သူ့ရင်ခွင်ထဲ ဆွဲ သွင်းလိုက်တဲ့ Daddy

#ကျွန်တော်..ဝမ်းနည်းတယ် Daddy. ...ကျွန်တော် ပြေးထွက်သွားခြင်တာ။.....မစွန့်လွှတ်နိုင်လို့...ဆိုတာ ဝန်ခံတယ်...#

"မင်း..အဝတ်တွေစိုနေတာဘဲ...လှဲရအောင်..''

"Happy Birthday Daddy. ..''
ကျွန်တော့်လက်ထဲက နေကြာပန်းနဲ့ ဗူးလေးကိုပေးလိုက်ကာ...ဧည့်ခန်းထဲဝင်ထိုင်လိုက်သည်။

Daddyက ကျွန်တော်ပေးတာတွေကို ဘေးမှာချကာ...ကျွန်တော့်လက်ကို ကိုင်ကာ..
"daddyဆီကနေ... ဘယ်မှထွက်မသွားရဘူးနော်"

ဟုဆိုသည်။

.....
.....
မျက်နှာမှာ အပြုံးအရယ်မရှိ....ပျော်ရွှင်မှုမရှိ...ဒေါသထွက်မှုမရှိတဲ့ မျက်နှာကို ကျွန်တော်မြင်ရသည်။

ကျွန်တော့်ဆီလာတိုင်း..Daddyရေ.. ဆိုပြီး ဖက်တက်တဲ့ ကလေးက အခု..ကျွန်တော်ဖက်ထားတောင်... ရေခဲတုူံအလားမှတ်ရ။

ရောက်တာနဲ့..သူ့တစ်နေ့တာတွေ ပြောကာ ရီတက်တဲ့ကလေးက....အခုလုံးဝ ပါးစပ်မဟ။

#ငါ...နှင်းနဲ့ ကိတ်ခွဲနေလို့ ဖြစ်တာဆိုရင်..ငါရှင်းပြရမလား။
တော်ကြာ...အဲ့ကိစ္စ မဟုတ်ဘူးဆိုရင်...#

Let me be your Bad Boy (Completed) Donde viven las historias. Descúbrelo ahora