Let me be your Bad Boy Ep(19)

5.3K 341 35
                                    


ကျွန်တော် ရုံးခန်းမှာထိုင်နေစဥ်..ဖုန်းတစ်လုံးဝင်လာသည်။

"ဟယ်လို"
"အကြည်ရောင်ရဲ့ အုပ်ထိန်းသူလားခင်ဗျာ..."
"ဟုတ်ပါတယ် ဘာဖြစ်လို့လဲ မသိဘူး"
"အကြည်ရောင်  အချုပ်ခန်းထဲရောက်နေလို့ပါ"
"တစ်ရက်လောက်ထည့်ထားလိုက်ပါဗျာ"

ဟုပြောကာ ဖုန်းချလိုက်သည်။
တစ်ခါတစ်လေလေး ခြင်အကိုက်ခံလိုက်။ မဟုတ်ရင် ငြိမ်မှာမဟုတ်ဘူး။
ကျောင်းမသွားဘဲ အပြင်ရောက်နေလို့ဖြစ်တာ...
တစ်ယောက်တည်းတော့ မဖြစ်နိုင်ဘူး ၈ယောက်လုံးနေမှာ။
အခြားအိမ်တွေပါ phဆက်လိုက်သည်။
တော်ကြာ..သွားထုတ်နေမစိုးလို့။

ကျွန်တော် အလုပ်ကိုဆက်လုပ်လိုက်သည်။
စိတ်ထဲတော့ မကောင်းလှ။
ဒီလိုလေးလည်းပစ်ထားသင့်တာကြာပြီ။
အနောက်ကနေ ကိုယ်က လိုက်ရှင်း သူကပြန်ရှုပ်။
သံသရာ လည်နေသည်။

တစ်နေကုန်..ဘာမှတောက် မစားမိ။

နာရီလှမ်းကြည့်တော့ ၃နာရီထိုးခါနီးပြီ။
သားသားကျောင်းသွားကြိုရမှာမို့...ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုကောက်ကိုင်ကာ....ကားသော့ယူပြီးထွက်လာခဲ့သည်။
ကျောင်းတံခါးအရှေ့ ရောက်တော့...သားသားက ခြင်းလေးနဲ့ ထိုင်စောင့်နေလေရဲ့။

"သားသား...''
"ဖေဖေ...''
သားက ကျွန်တော့်ဆီပြေးလာသည်။
ကျွန်တော် သားသားကို ကားပေယ်တင်ပြီး companyကိုပြန်မောင်းခဲ့လိုပ်သည်။
ကားမောင်းနေရင်း...''သားသား.ဘာစားအုံးမလဲ"
"ရေခဲမုန့်''

"တစ်ခုဘဲနော်"
"ဟုတ်''
ကျွန်တော်ရေခဲမုန့်ဆိုင်ကို ဝင်ထိုင်လိုက်ပြီး..သားသားစားတာကို ထိုင်ကြည့်နေလိုက်သည်။
"ဖေဖေ''
"ဗျ..''
"ဘာတွေးငေးနေတာ"
"ဘာမှ မငေးရပါဘူးဗျာ..စားစား...စကားမပြောနဲ့"

သားသားရေခဲမုန့် စားပြီးတာနဲ့ companyကို မောင်းပြီး...အလုပ်ပြန်လုပ်လိုက်သည်။
သားသားက ဘေးမှာ tvကြည့်နေသည်။

....
....
"ဖေဖေ...ပါးပါးပြန်မလာသေးဘူးနော်"
"ပါးပါးက ဟိုဘက်အိမ်မှာ သားရဲ့"
သားသားက ကျွန်တော့်ဂုတ်ပေါ်ကနေ ကျွန်တော့်ရင်ခွင်ထဲကျလာသည်။

"သားသား...''
"ဗျာ...''
"လိမ်လိမ်မာမာ နေရမယ်နော်....."
"ဟုတ်''

ထိုစကားပြောပြီးမကြာ..နောက်နေ့ ကိုူကိုးကို အချုပ်ထဲက ထုတ်လာပြီး လမ်းရောက်တော့ သားသားကျောင်းက ဖုန်းဆက်လာသည်။

Let me be your Bad Boy (Completed) Donde viven las historias. Descúbrelo ahora