Extra

8.5K 449 45
                                    

မှန်ရှေ့ကိုကြည့်လိုက်သည်။
ဟူဒီအဝါရောင်ကို ဝတ်ထားကာ...ဂျင်းအနက် ဒူးအပြဲကို ကိုဝတ်ထားသည်။
ဘိုးဖိနပ်(ခြေနင်း)အဝါလေးနဲ့....
ဆံပင်လေးတွေက နဖူးပေါ် ကျနေသည်။
စိန်နားကပ်ကလေးပန်ထားပုံက ကျွန်တော့်ကို ကျွန်တော် ချစ်စရာလေးလို့မြင်သည်။

ကားသော့ကိုကောက်ယူပြီး....အောက်ဆင်းလာတော့...​​ဖေဖေ နဲ့ ပါးပါးက ပြုံးကာ ကြည့်နေသည်။

ထို့နောက် အသစ်ပြန်လဲ ထားတဲ့..ကျွန်တော် အကြိုက်ဆုံး အဝါရောင်ပြိုင်ကားလေးကို မောင်းကာ ဦးဦးထူးယံပိုင်ရဲ့ ပန်းဆိုင်ကို မောင်းလာခဲ့သည်။

"ဦးဦး"
"သားသား...လန်းနေပါလားကွ"
"သားမှာထားတာရ ပြီလား"
ထိုအခါ ဦးဦးထူးယံ က အသင့်ပြင်ထားတဲ့ နှင်းဆီ အဖြူအပွင့်တစ်ရာ ပန်းစည်းကြီးကို မေးငေါ့ပြသည်။
နှင်းဆီအဖြူဆိုတာ...ကျွန်တော်တို့အိမ်အတွက် အမှတ်အသားပင်။
"ပိုက်ဆံမပေးတော့ဘူးနော် ဦးဦး"
"မင်း ဘယ်တုန်းကပေးလို့တုန်း".
"ဟီး.."
"ချစ်ခွင့်သွားပန်မယ့်လူက တော်တော် လှနေပါ့လား"
"ဟာဗျာ.....သတ္တိမွေးထားရတာပါဆို...ဦးဦးက တစ်မျိုး....သွားပြီ"

ပန်းကို ဘေးကခုံမှာတင်ကာ...
ဦးရှိန်း အိမ်ကို မောင်းလာလိုက်သည်။
ခြံက အသင့်ဖွင့်ထားတာမို့..ခြံထဲထိမောင်းဝင်လိုက်သည်။
ထို့နောက် ကားစင်ဝင်မှာ ကားရပ်ကာ..
အိမ်ထဲကို ဝင်လာခဲ့တော့..ဦးရှိန်းက သတင်းစာဖတ်နေသည်။

"ဟာ..သားသား".
#လုပ်ပြီ😒 ချစ်ခွင့်ပန်မလို့ပါဆို...သားသား တဲ့။
😪ဒါကြောင့် ချစ်ခွင့်မပန်ခြင်တာ..ပါးပါးနဲ့ ဖေဖေက ဇွတ်#

"ဟင်း"
သက်ပြင်းချကာ...ခုံမှာ ငေါက်ကနဲ့ ဝင်ထိုင်လိုက်သည်။

"သားသား ဘာဖြစ်နေတာတုန်းမျက်နှာက"
ထိုအခါ ကျွန်တော့်ကို မထီတထီ ကြည့်လာတဲ့
ငပေတူး။

"ဘာမှ မဟုတ်ပါဘူး...ဒီတိုင်းဘဲ ...ရော့ပန်း"
"ပန်းကြီးက ဘာလုပ်ဖို့''
"လှလို့ဝယ်လာတာ"
"ဦးရှိန်း အတွက် သားသားဝယ်လာတာ မဟုတ်ဘူးပေါ့..ယူရမှာ အားနာစရာကြီးကွာ"

ထိုအခါ ကျွန်တော့်ဘက်လှည့်လာကာ...
"သားသား လို့မခေါ်ပါနဲ့လားဗျာ...ကျွန်တော် စိတ်ညစ်တယ်...တော်ပြီ ပြန်တော့မယ်"
ဟုဆိုကာ...ထပြန်သွားသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Dec 22, 2021 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Let me be your Bad Boy (Completed) Tempat cerita menjadi hidup. Temukan sekarang