Chapter 1

1.4K 90 4
                                    

#unicode

"ပါးပါး ...ပါးပါး"

လက်သေးသေးလေးတွေနဲ့ ယွင်ရှီးအင်္ကျီစကို ဆွဲကာ လှည့်မကြည့်မချင်း အဆက်မပြတ်ခေါ်နေသော ကလေးပေါက်လေးကြောင့် လုပ်လက်စအလုပ်ကို ခနရပ်ကာ လှည့်ကြည့်လိုက်ရသည်။ မျက်လုံးဝိုင်းဝိုင်း ကြည်ကြည်လေးတွေနှင့် သားငယ်လေးက ယွင်ရှီးလှည့်ကြည့်လာသောကြောင့် စိတ်ကျေနပ်မှုရသွားသည့်ပုံဖြင့် သွားတန်းဖြူဖြူလေးတွေ ပေါ်အောင်ရယ်ပြလာသည်။ သားငယ်လေးရဲ့ ဆံပင်ပျော့ပျော့လေးတွေထဲ လက်ကိုထည့် ထိုးဖွရင်း အမေးစကားဆိုရသည်။

"ပြော ... သားသားလေး ... ဘာပူဆာချင်လို့လဲ ပါးပါး သားသားပူဆာတာတွေအကုန်လုပ်ပေးနိုင်ဖို့ အလုပ်ကြိုးစားလုပ်နေတယ်လေ"

"သားသားက ဘားမှ မပူဆာပါပုနော်... ဟိုဘက်ခြံကို ဦးဦးတစ်ယောက်ပြောင်းလာတယ်ဆိုတာပြောဖို့ ..."

"hmmm"

"သားသား ကစားရင်းနဲ့တွေ့လိုက်တာ၊ အဲ့ဦးဦးက အရပ်အရှည်ကြီးပဲ ... ချောလဲချောတယ် ... သားသားနဲ့ ဆော့ပေးမလား မသိဖူးနော်"

မျှော်လင့်ချက်လေးတွေနဲ့ ပြည့်ဝနေသည့် သားလေးမျက်ဝန်းတို့ကြောင့် ယွင်ရှီး စိတ်မကောင်းဖြစ်သွားရသည်။ သားငယ်လေးက အဖော်မင်သည်။ တစ်ဦးတည်းသောသားဖြစ်သည့်အပြင် မိခင်နဲ့လည်း ခွဲခွာနေရသည်။ ယွင်ရှီးကလည်း အလုပ်တစ်ဖက်ကြောင့် သားလေးအပေါ်အချိန်ပြည့် ဂရုမစိုက်ပေးနိုင်။ သားလေးရဲ့ ပါးဖောင်းဖောင်းလေးကို တစ်ချက်ဆွဲညှစ်လိုက်ရင်း

"သားသားလေးက အဲ့ဦးဦးကို သဘောကျလို့လား၊ ပါးပါး အလုပ်ပြီးတဲ့အခါ အဲ့ဖက်ခြံသွားပြီး မိတ်ဆက်ကြမယ်လေနော်။ အခု သားသားကစားစရာလေးတွေနဲ့ ခနသွားကစားနှင့်ဦးနော်"

သားလေးက ခေါင်းတဆက်ဆက်ညိတ်ပြကာ

"ဟုတ်ဟုတ် ... ပါးပါးအလုပ်ပြီးရင် အဲ့ဘက်ခြံသွားကြမယ်နော် ... သားသားဆော့ရင်း စောင့်နေမယ်"

~I'm not Sharing You with Anyone Else.~

တံခါးခေါက်သံကြောင့် ပစ္စည်းတွေ နေရာချနေရင်းနဲ့မှ ချန်ဖေးယွီ ခနကြောင်သွားရသည်။ ဒီနေ့မှ ဒီအိမ်ကို စပြောင်းလာခဲ့တာ ကိုယ်နဲ့သိတဲ့သူမရှိ။ တမင်ကို ကိုယ့်ကို သိတဲ့သူမရှိတဲ့နေရာကို ရွေးချယ် ပြောင်းရွှေ့ခဲ့တာ။ တံခါးပေါက်ကို အသာဟကြည့်လိုက်တော့ အရင်ဆုံးတွေ့လိုက်ရတာက မျက်လုံးကြည်ကြည်တောက်တောက်လေးတစ်စုံ၊ ကြည်တောက်နေတာမှ အခုချက်ချင်းပင် ကြယ်လေးတွေ ခုန်ထွက်လာတော့မည့်နှယ်၊ ထို့နောက် နှာတံချွန်ချွန်လေး၊ ပန်းရောင်ပြေးနေတဲ့ နှုတ်ခမ်းပါးနဲ့ မျက်နှာနုနုလေး။ မျက်နှာအစိတ်အပိုင်းတစ်ခုစီက လိုက်ဖက်တင့်တယ်နေကာ အတော်လေးကို ချောတဲ့ ကောင်လေးတစ်ယောက်၊

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now