#Unicode
ဖေးယွီ အိပ်ယာထကာ ရေချိုးခန်းဝင်ပြီး ရေချိုးသန့်စင်လိုက်သည်။ အပြင်ထွက်ဖို့ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ကာ ပေါက်စကောင်လေးကို ကျောင်းပို့ပေးရန် ကုတင်ပေါ်မှာ အဆင်သင့်ထိုင်စောင့်နေလိုက်သည်။ ကော လာခေါ်ရင် ထလိုက်သွားရုံပင် ... သူ့အတွေးနဲ့သူ ဖေးယွီတစ်ယောက် ကျေနပ်နေခဲ့သည်။
ဝူးးးးးးးးးးးးး
ခြံထဲမှ ကားစက်နှိုးသံကြားလိုက်ရတာကြောင့် အလန့်တကြားနဲ့ ဖေးယွီထရပ်ကာ ပြတင်းတံခါးဆီ ပြေးကြည့်မိသည်။ စိတ်လောနေတာမို့ ထိုင်ခုံပုစောင်းနဲ့ ဖေးယွီခြေသလုံးက အမေမရိုက်ရိုးနဲ့ တိုက်မိကာ အီစိမ့်သွားရသည်။ နာကျင်မှုကို အာရုံမထားအားပဲ ပြတင်းပေါက်ဆီသို့သာ ပြေးကြည့်မိသည်။ တကယ်ကြီးကို ကောရဲ့ ကားလေးက မောင်းထွက်သွားတာပါ။ သူ့ကိုမခေါ်ပဲ ထားခဲ့လေပြီ။ သိသိသာသာကြီးကို ပလစ်ခံလိုက်ရတာကြောင့် ဖေးယွီ မျက်ရည်ဝဲမိပါသည်။ သူ့မှာတော့ ကောများ အရင်နေ့ကလို လာခေါ်လေဦးမလားဆိုပြီး alarm ပေးကာ မထချင်ထချင်နဲ့ အစောကြီးထပြီး ပြင်ဆင်ထားခဲ့ရတာကို ကောက သူ့ကို လှည့်မကြည့်ပဲ ထားခဲ့ရက်တယ်။ ဒီတစ်ခါတော့ ကောက တကယ်ကြီး စိတ်ဆိုးသွားခဲ့တာဖြစ်ပေမည်။ မနေ့ကလည်း တစ်နေ့လုံး ဖေးယွီကို စကားမပြောခဲ့ပေ။ မျက်နှာချင်းဆိုင်မိတာနဲ့ မသိသလို ရှောင်ထွက်သွားသည်။ အိပ်တော့လည်း စာကြည့်ခန်းထဲမှာ သွားအိပ်သည်။ ကော စိတ်ဆိုးနေမှန်းသိတာမို့ ဖေးယွီမှာလည်း အတင်းလိုက်မခေါ်ရဲပါ။ တော်ကြာ ပိုစိတ်ဆိုးအောင် ဆွမိသလိုဖြစ်ကာ အိမ်ပေါ်က ဆင်းတော့လို့ မောင်းချရင် ဖေးယွီ ရင်ကွဲရချေရဲ့။ ဖေးယွီနှလုံးသားလေး တကယ်ကိုပဲ နာကျင်နေရပါပြီ။ တခြားအရာနဲ့ တခြားသူတွေ အပေါ်မှာသာ ဖေးယွီနှလုံးသားလေးက ကျောက်စိုင်ကျောက်သားလိုမာကြောနေခဲ့တာ လော်ယွင်ရှီးနဲ့ ပတ်သတ်ရင်တော့ ဖေးယွီနှလုံးသားလေးက ထိမိလိုက်တာနဲ့ ပဲ့ကြွေထွက်သွားနိုင်တဲ့ ပျော့ပျော့အိအိဂျယ်လီတုံးလေးလိုပဲ နူးညံ့လှပါသည်။
.
.
.
မနေ့မနက်က ...
YOU ARE READING
I'M NOT SHARING YOU WITH ANYONE ELSE (Completed)
Fanficကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ... ကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ ... #feiyunxi fanfic by Avery