Chapter 5

487 60 1
                                    

#Unicode

တစ်ဖက်ခြံရှေ့ရောက်မှ ကိုယ့်ပုံစံက အတော်ဖရိုဖရဲဖြစ်နေမှန်း သတိထားမိတော့သည်။ တခြားသူလဲမဟုတ် ဖေးယွီပဲဟာ ပြီးတော့ ခနပဲနေမှာပဲလေဆိုပြီး ခြံတံခါး lock ကို ဖွင့်ကာ ဖေးယွီခြံဝန်းထဲသို့ လှမ်းဝင်လိုက်သည်။ password ကို ရိုက်နေတုန်းမှာပဲ ယွင်ရှီးအတွေးများက လွန်ခဲ့တဲ့ ၃ရက်လောက်ဆီသို့ လွင့်မျောသွားတော့သည်။
.
.
.

လွန်ခဲ့သော ၃ရက်ခန့်က...

ယွင်ရှီး ဒီဇိုင်းပုံတွေက client ဆီ သွားပေးပြီး ပြန်အလာ ဖေးယွီခြံအရှေ့အရောက်မှာ ထိုကောင်လေးက ထွက်လာပြီး

"ကော..."

"hmmm"

"ကော မွေးနေ့ပြောပြ"

ရုတ်တရက်မို့ ယွင်ရှီးလဲ ယောင်နနဖြင့် ပြန်ဖြေလိုက်မိသည်။

"၂၈.၇.၁၉၈၈"

ထိုကောင်လေးက ယွင်ရှီးလက်ကိုဆွဲကာ ခြံတံခါး lock ဆီ ခေါ်သွားပြီး password ပြောင်းဖို့ အဆင့်ဆင့်ကိုလုပ်ကာ ယွင်ရှီး မွေးနေ့ကို ပြောင်းလိုက်သည်

"ဖေးယွီ... ဒါက"

"password လေ... "

"အွန်း သိတယ်လေ ဒါပေမယ့် ဘာလို့ ကောမွေးနေ့"

"password တွေက ကိုယ် ဘယ်တော့မှ မေ့မှာမဟုတ်တာမျိုး ထားသင့်တာမလား"
.
.
.
တခြားသူခြံကို ဝင်ဖို့ ကိုယ့်မွေးနေ့ကို ရိုက်နေရတာမို့ ယွင်ရှီး ပြုံးစစ ဖြစ်သွားတော့သည်။ ဒီကောင်လေးက ကိုယ့်ကို တအားခင်တွယ်တာမို့ တစ်ခါတစ်လေ စိတ်ကျဉ်းကျပ်ရပေမယ့် ကျေနပ်သည့်စိတ် ပိစိလေးလဲ ဖြစ်ပေါ်မိသည်။

အိမ်တံခါးကို တွန်းဖွင့်လိုက်တဲ့နောက်မှာတော့
မီးရောင်မှိန်မှိန်အောက်မှာ ဆိုဖာပေါ်မှာ ဒူးလေးပိုက်ရင်း တစ်ယောက်တည်း ထိုင်နေသည့် ဖေးယွီပုံစံလေးက သနားစဖွယ်အတိပင်

"ဖေးယွီ... မီးက ဘာလို့မှိန်မှိန်လေးပဲ ထွန်းထားတာလဲ"

မေးလဲမေး လက်ကလဲ မီးဖွင့်ဖို့ မီးခလုပ်ကို လက်လှမ်းလိုက်တဲ့အချိန်မှာ ဖေးယွီက အလျင်အမြန်ဆိုလာသည်

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now