Chapter 23

300 31 4
                                    

#Unicode

လူကို အမဲဖျက်သလို စိတ်တိုင်းကျ ထင်တိုင်းကျဲပြီး ကိုယ်ကမောရမယ်မရှိ၊ သူကမောပန်းကာ တခူးခူးတခေါခေါနဲ့ ခြေပစ်လက်ပစ် မှောက်ယက်ကြီး အိပ်နေသည်။ ပါးတစ်ဖက်က ခေါင်းအုံးမှာ ပိမိနေပြီး နှုတ်ခမ်းလေးက ကိုယ့်နှုတ်ခမ်းကို အဝစားသုံးထားပြီးတာတောင် မကျေနပ်သေးသည့်နှယ် လှုပ်စိလှုပ်စိဖြစ်နေသေးသည်။ ချွေးတို့ဖြင့်ကပ်ကာကျနေတဲ့ နဖူးပေါ်ရှိ ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်ရင်း ကိုယ့်နှုတ်ခမ်းလေးဖြင့် သူ့နှဖူးပေါ် တံဆိပ်ခတ်လိုက်မိသည်။

ချစ်ပါသည်။ ဒီကောင်လေးကို ယွင်ရှီး အများကြီး ချစ်ပါသည်။ ကာယကံရှင်ကတော့ သူဘယ်လောက်ထိ အချစ်ခံနေရမှန်း သိချင်မှ သိပေလိမ့်မည်။ ကိုယ့်ရဲ့ကောင်ဆိုးလေးက ရလေလိုလေမို့ ထုတ်ပြောဖို့လည်း ယွင်ရှီးမတွေးထားပါ။ ကားယားမှောက်ခုံဖြစ်နေသည့်ကိုယ်လုံးကြီးကို သိုင်းဖက်ကာ တိုးဝှေ့လိုက်ပြီး မျက်လုံးတို့ပိတ်ကာ မှေးစက်လိုက်သည်။ အခန်းထဲပြန့်လွှင့်နေသည့် ဟော်မုန်းရနံ့နှင့် ချွေးနံ့တို့ကြောင့် မကြာခင်ပဲ အိပ်စက်ခြင်းသို့ ရောက်ရှိသွားတော့သည်။
.
.
.
စူးရှစွာမြည်သံပြုလာတဲ့ ဖုန်းသံကြောင့် ဖေးယွီနိုးလာခဲ့သည်။ ကိုယ်ခန္ဓာကို တစ်ခုခုက ချုပ်ထားသလိုဖြစ်နေတာမို့ မျက်လုံးတို့ဖွင့်ကာ ကြည့်လိုက်သည်။ ဖေးယွီတစ်ကိုယ်လုံးကို သိုင်းဖက်ကာ ပူးကပ်အိပ်နေသည့် ဖေးယွီရဲ့ တစ်ဦးတည်းသောချစ်ရသူလေး။ ဖေးယွီနှုတ်ခမ်းထောင့်လေးက ကော့တက်သွားကာ လက်လေးကို ဖွဖွလေး ဖယ်ထုတ်ပြီး အော်မြည်နေသော ဖုန်းကို လှမ်းယူလိုက်သည်။ ဘယ်လောက်တောင် ပင်ပန်းသွားရှာသလဲမသိ … ဖုန်းသံကျယ်ကိုမကြားနိုင်အောင်ပင် အိပ်မောကျနေခဲ့သည်။ contact name ကို ကြည့်လိုက်တော့ သားငယ်လေးတဲ့ …

“ပြော”

ဖေးယွီရဲ့ ဆောင့်ဆောင့်အောင့်အောင့်အသံထွက်လာတာကြောင့် တဖက်က ချက်ချင်းပြန်မထူးပေ၊ အတန်ကြာမှ

“ဖေကြီးလား … ပါပါးရော”

“ဟုတ်တယ် … မင်း ပါပါး ဖုန်းကိုင်ဖို့ အဆင်ပြေမနေဖူး”

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now