Chapter 22

310 31 0
                                    

#Unicode

“ဒါ ဒါ ဒါ ဒါ … ဒီး ဒီး ဒီး ဒီး”

ချန်ဖေးယွီတစ်ယောက် စတီယာရင်လက်ကိုင်ကို လက်ချောင်းလေးတွေနှင့်ပုတ်ကာ ခေါင်းကို ဘယ်ညာစောင်းရင်း ပါးစပ်ကလည်း ဘာမှန်းမသိတဲ့ သံစဉ်တွေကို ရွတ်နေသည်။ ရံဖန် ရံခါ အားပါသွားသလိုဖြင့် သူ့ကိုယ်လုံးကြီးကိုပါ တစ်ချက်တစ်ချက် ယိမ်းနေလိုက်သေးသည်။ အတော့်ကို ပျော်နေရှာတာပါ။

ဘေးက ကလေးဆိုးကြီးကို ကြည့်ပြီး ယွင်ရှီး ပြုံးကာ ခေါင်းယမ်းမိသည်။ နားရွက်လေးတစ်ဖက်ကို လိမ်ဆွဲလိုက်ရင်း

“အတော်ကိုပဲ ပျော်နေတယ်ပေါ့”

“ပျော်တာပေါ့ ကောရဲ့ အခုကျွန်တော်တို့ နှစ်ယောက်ပဲ ရှိတော့တယ်လေ”

သားငယ်ကို ဘော်ဒါဆောင် သွားပို့ပြီးအပြန် မထိန်းနိုင် မသိမ်းနိုင် ပျော်ရွှင်နေသော ဖေးယွီရဲ့ လက်မောင်းအိုးကြီးကို မနာအောင် ခပ်ဖွဖွထိုးလိုက်ရင်း

“ဟန်ဆောင်ပန်ဆောင်လေးတောင် ဝမ်းမနည်းပြဖူး”

“ဝမ်းမနည်းနိုင်ပါဖူး …ဝူးဟူးဟူး … ဒီလိုနေ့ကို ဘယ်လိုတောင်စောင့်ခဲ့ရလဲ”

“ကောင်စုတ်လေး”

“နမ်း … ကျွန်တော့ကို နမ်းပေး”

“ဘလိုဖြစ်နေတာလဲ … ကားကိုသာ ဂရုစိုက်မောင်း”

“ကော အနမ်းလေး လိုချင်တယ်လို့ … မနမ်းရင် မီးပွိုင့်ကို ဖြတ်မောင်းမှာနော် … အဖမ်းခံရရင်မသိဖူး”

ပြောလို့မရ။ သူ့ကလေးဆိုးကြီးက စိတ်မထင်ရင် မထင်သလို တကယ်လုပ်တတ်တာမို့ သူ့စိတ်တိုင်းကျ ပါးလေးကို အနမ်းခြွေပေးလိုက်သည်။

“ပါးပဲလား”

“ပါးပဲပေါ့ … ကားမောင်းနေရင်း ယွမနေနဲ့ တော်ရုံပဲလုပ် နှစ်ယောက်လုံးသေရွာရောက်သွားမယ်”

“ကားရပ်လိုက်ရမလား”

“ချန်ဖေးယွီ”

မချိုမချဉ်မျက်နှာဖြင့် ယွင်ရှီးဘက်လှည့်ကာ ပြောလာတာကြောင့် ခပ်ဆတ်ဆတ်လေး အော်ပေးလိုက်တော့မှ ကားမောင်းတဲ့ဆီအာရုံပြန်ထည့်ကာ ကျိမ်းဝါးလာသည်။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now