Chapter 13

369 48 8
                                    

#Unicode

မင်ဟွေ့ကျဲကျဲ ဈာပနပွဲတလျှောက်လုံးတွင် ဖေးယွီ ဘာစကားမှမဆိုပဲ ကောဘေးနားမှာနေကာ ကောလက်လေးတစ်ဖက်ကိုသာ ဆုပ်ကိုင်ထားခဲ့သည်။ ကောကလည်း အရင်လိုမျိုး  *မင်းအရမ်းဆိုးလွန်းတယ်ကွာ*ဟုပြောကာ သူ့လက်လေးကို ဖယ်မချခဲ့။ ကန်တော့စင်မှာထောင်ထားသည့် မင်ဟွေ့ကျဲကျဲဓာတ်ပုံကိုသာ ငူငူကြီး စိုက်ကြည့်နေရှာသည်။ ကောအတွေးတွေကိုသာ ဝင်ဖတ်လို့ရရင် ကောတစ်ယောက် ဘာတွေများတွေးနေလဲဆိုတာ ဖေးယွီသိချင်မိသည်။ ဈာပနကန်တော့ပွဲ ပြင်ဆင်ထားသည့် အခန်းရဲ့ ထောင့်လေးမှာ ထိုင်နေရင်း လာနှုတ်ဆက်သည့် သတင်းမေးဧည့်သည်များကို ပြန်နှုတ်ဆက်ကာ ကျန်သည့်အချိန်များတွင် မင်ဟွေ့ကျဲဓာတ်ပုံကိုသာ တွေတွေကြီး စိုက်ကြည့်နေလိုက် လုပ်နေရှာလေသည်။

အမှန်အတိုင်းပြောရရင် ဖေးယွီသဝန်တိုပါသည်။ ကောရဲ့ အပြုံး၊ ကောရဲ့အကြည့် အရာရာကို ဖေးယွီတစ်ယောက်တည်းသာ ပိုင်ဆိုင်လိုသည်။ ကောရဲ့ အကြည့်များကို ရနေရှာသည့် ထိုဓာတ်ပုံကို ကော မမြင်ရတော့အောင် ဖေးယွီ ပြေးမှောက်လိုက်ချင်မိသည်။ ဒါပေမယ့် မင်ဟွေ့ကျဲအပေါ် အားနာစိတ် ပိစိလေးရှိနေတာကြောင့် နင်လာတဲ့ ဂျယ်လီများကို ပြန်မျိုချရင်း ဒီနေ့တစ်ရက်တော့ ခွင့်ပြုပေးလိုက်ပါမည်။
.
.
.
သတင်းမေးများ တစ တစ ကျဲသွားရင်း နောက်ဆုံး ထိုအခန်းလေးထဲတွင် ဖေးယွီနဲ့ ကော နှစ်ယောက်သာ ကျန်ရှိတော့သည်။ ကောရဲ့ နွမ်းလျှနေရှာသည့် ဘေးတိုက်မျက်နှာချောချောလေးကို စောင်းငဲ့ကြည့်ရင်း ဖေးယွီ တံတွေးတို့ မျိုချမိရသည်။ ပုံမှန်ဆို သောက်ရှူးကြယ်လေးလို စိန်ပွင့်လေးလို လင်းလက်နေသည့် ကော မျက်ဝန်းလေးက ယနေ့တော့ ခပ်မှိုင်းမှိုင်းလေး ဖြစ်နေခဲ့သည်။ အင်းပေါ့လေ...နှစ်အတော်ကြာ လင်မယားအဖြစ်ရှိခဲ့ကြသူတွေပဲ၊ မချစ်ခဲ့ကြဖူးဆိုရင်တောင် သံယောဇဉ်တော့ရှိကြမှာပင်။ ရုတ်တရက် တစ်ယောက်က ခွဲခွာသွားတော့ ဝမ်းနည်းနေရှာမှာပေါ့။ ဒီတစ်ရက်တော့ ဝမ်းနည်းခွင့်ပေးလိုက်ပါမယ်လေ။

မှုန်မှိုင်းမှိုင်းမျက်ဝန်းငယ်၊ နှာတံစင်းစင်း၊ နှုတ်ခမ်းပါးပါးရဲရဲလေး၊ ပါးပြင်ကြည်ကြည်လေးတစ်ဖက်...ဘေးတိုက်မြင်နေရတဲ့ ကောရဲ့ မျက်နှာအလှက ဖေးယွီကို အသက်ရှုမှားအောင် စွမ်းဆောင်နိုင်သည်။ ခပ်ကြာကြာ ကြည့်မိရင် စိတ်မထိန်းနိုင်ပဲ တစ်ခုခုထလုပ်မိမှာ စိုးတာကြောင့် အကြည့်လွှဲလိုက်ရသည်။ စိတ်ကမနေနိုင်ပြန်...ပြစ်မျိုးမထင် မျက်နှာချောချောလေးကိုပဲ မြင်ယောင်ယောင်နေမိတာမို့ မျက်လုံးလေးထောင့်ကပ်ကာ ပြန်ခိုးကြည့်မိသည်။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now