Chapter 20

323 38 1
                                    

#Unicode

ဖေးယွီ ချက်ပြုတ်စရာတွေ လက်စသတ်နေတုန်းမှာပဲ ခြံထဲ ကားလေး မောင်းဝင်လာသံကြောင့် ကောတို့ကို ကြိုရန် အမြန်ပြေးသွားလိုက်ရာ ဝတ်ထားတဲ့ apron ကိုပင် မချွတ်နိုင်ခဲ့ရှာ။

ကားပေါ်က ဆင်းလိုက်သည်နှင့် အေပရွန်အနက်ကိုဝတ်ထားလျှက် လက်နှီးကိုချိတ်ထားသည့်အပြင် လက်ထဲမှာလည်း ဟင်းမွှေတဲ့ ယောက်မကြီးကို ကိုင်ကာ အပေါက်ဝမှာရပ်နေသည့် ကလေးကြီးကို တွေ့လိုက်ရတာကြောင့် ယွင်ရှီးမျက်ရိုးလေးက မသိမသာလေး တွန့်ကျုံ့မိသွားရသည်။

ဒီကောင်လေး ဘာတွေ အဆန်းထွင်နေပြန်ပြီလဲ …

သားငယ်လေးကတော့ ဖေးယွီကိုမြင်သည့်နှင့် အော်ခေါ်ကာ အနားသို့ ပြေးသွားတော့သည်။

“ဦးဦး”

ပါးစပ်ကလည်းခေါ်ကာ သူ့ကိုချီစေချင်သည့်ဟန်ဖြင့် လက်နှစ်ဖက်ကိုပါ ဆန့်တန်းပေးထားတာကြောင့် ဖေးယွီမှာ ရှောင်ဖို့အဆင်မပြေတော့။ ပေါက်စကောင်ကို မချီချင် ချီချင်နဲ့ ကောက်ချီရန် ပြင်တော့မှ လက်ထဲမှာပါလာသည့် ယောက်မကြီးကို သတိထားမိတော့သည်။ မထူးပါဖူးဟုတွေးကာ ယောက်မကြီးကိုင်လျှက်နဲ့ပင် ထိုင်ချလိုက်ပြီး ပေါက်စကို ပွေ့ချီလိုက်ရသည်။ ကောက ဘေးနားသို့ ရောက်ရှိလာတာကြောင့် ဖေးယွီ မျက်နှာချိုသွေးကာ ကောကို သွားဖြဲပြလိုက်သော်လည်း ခပ်စူးစူးအကြည့်တစ်ချက်ကိုသာ ပြန်ရပေသည်။

“ကော”

အိမ်ထဲလှမ်းဝင်သွားသည့် ကောကို ခေါ်လိုက်တော့ ပြောစရာရှိတာပြောဆိုသည့် သဘောဖြင့် ခနရပ်စောင့်ပေးသည်။ ဖေးယွီရှိရာ အနောက်ဖက်ကိုတော့ စောင်းငဲ့လို့ လှည့်ကြည့်မလာခဲ့။

“ကျွန်တော် ကင်ချီကျီကဲ ချက်ထားတယ်၊ ကျွန်တော်ကိုယ်တိုင်ချက်ထားတာနော်”

ကောက ဘာမှမပြောပဲ လှမ်းထွက်သွားတာကြောင့် ဖေးယွီ ဝမ်းနည်းမိရပြန်ပြီ။ သူ ပင်ပင်ပန်းပန်းကြိုးစားချက်ထားတာကို ကောက အသိအမှတ် မပြုဖူးပဲ။ လှေကားကနေ အပေါ်သို့တက်သွားလေသူကို ငေးကြည့်နေတုန်းမှာပဲ

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now