Chapter 6

568 53 0
                                    

#Unicode

"ဖေး...ဖေး...ယွီ"

ယွင်ရှီးအသံလေးက တုန်ယင်လို့နေတယ်။ သူတကယ်ကြောက်နေပြီ

"ပြောလေ...ကော"

"ရှေ့ဆက်မတိုးလာခဲ့နဲ့"

ပြေးပေါက်ပိတ်နေပြီး အကြောက်ကြောက်အလန့်လန့်ဖြစ်နေတဲ့ ယွင်ရှီးပုံလေးက ဒီလောက်ဆွဲဆောင်မှုရှိတာ ချန်ဖေးယွီက ရှေ့ဆက်မတိုးစရာလား

"အဟက်...ကော က တကယ်ပဲ"

ဖေးယွီ ယွင်ရှီးအရှေ့မှာ ရပ်လိုက်ကာ မေးဖျားလေးကို လက်မနဲ့လက်ညှိုးနဲ့ညှပ်ပြီး ဆွဲမော့လိုက်တယ်

"ကော သိလား
ကောရဲ့ အထိတ်တလန့်ဖြစ်နေတဲ့ ပုံလေးက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိနေလဲဆိုတာ"

မေးစေ့ကို ဆွဲကိုင်မော့ထားတဲ့ ဖေးယွီလက်ကောက်ဝတ်ကို ယွင်ရှီးက ဆုပ်ကိုင်လိုက်ပြီး အသနားခံတဲ့ မျက်ဝန်းလေးနဲ့ ပြောလေတယ်

"ဖေးယွီ
ကောတို့က မဖြစ်နိုင်ဖူးလေ ... ကောမှာ..."

မေးဖျားကို ကိုင်ထားတဲ့ လက်ကိုလွှတ်လိုက်ပြီး ယွင်ရှီးပုခုံးကို ကိုင်ကာ ဆွဲလှုပ်ရမ်းရင်း လေသံကျယ်ကျယ်ဖြင့်

"ဘာလဲ ကောမှာ မိန်းမနဲ့ ကလေးရှိတယ် ပြောဖို့လား...
အဲ့သောက်သုံးမကျတဲ့ မိန်းမအကြောင်းကို စကားထဲ ထည့်ပြောမနေနဲ့ ... သောက်ရေး တစ်စက်မှမပါတာ
အဲ့မိန်းမက ကောကို ဂရုစိုက်လို့လား...ဟမ်...ဂရုစိုက်လို့လားလို့
သူ့အလုပ်၊သူ့ပညာကိုပဲ ဂရုစိုက်နေတဲ့ဟာ
ကောတို့ဘေးနားမှာ အတူနေပေးနိုင်လို့လား
ကောနဲ့ တစက်မှမတန်တဲ့သူ"

ယွင်ရှီးက အတုန်တုန်အယင်ယင်နဲ့ စကားကို ကြိုးစားပြီး ထပ်ပြောလာတယ်။ ဖေးယွီကို ထိန်းနိုင်ဖို့ ကြိုးစားကြည့်တယ်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ကောက အိမ်ထောင်သည်‌ ဖေးယွီ
ကောက ကလေးတစ်ယောက်အဖေလို့
ကောတို့က ဘယ်လိုမှ မဖြစ်နိုင်..."

"ပါးစပ်ပိတ်ထားးးးး"

ဟိန်းထွက်လာတဲ့ ဖေးယွီ အော်သံကျယ်ကြောင့် ယွင်ရှီး အထိတ်ထိတ်အလန့်လန့်ဖြင့် ပါးစပ်ပိတ်လိုက်မိတယ်

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now