Ending

499 34 0
                                    

#Unicode

"ကော...ကျွန်တော် ဖက်လုံးလေး လိုချင်လို့ တံခါးခဏဖွင့်ပေးပါဦး"

အတန်ကြာစောင့်နေခဲ့သော်လည်း အခန်းထဲမှ တုန့်ပြန်သံ မကြားရပေ။

"ကောရေ တံခါးလေး ဖွင့်ပေးပါလို့"

ဖေးယွီ ဘယ်လောက်ပြောပြော အခန်းတံခါးလေးဟာ ဖွင့်ဟမလာခဲ့။ ဖေးယွီ လက်မှိုင်ချကာ ပေါက်စအခန်းထဲသို့သာ ပြန်သွားလိုက်ရသည်။ ဧည့်သည်အိပ်ခန်းမှာ သန့်ရှင်းရေးမလုပ်ထားသဖြင့် ပေါက်စအခန်းမှာပဲ အထီးကျန်စွာ တစ်ညတာ ကုန်ဆုံးရတော့မည်။ ကိုယ်လုံးပေါ်မှန်ရှေ့ရပ်ရင်း ဦးခေါင်းထက်က ဆံနွယ်ရွှေဝါရောင်လေးတွေကို တို့ထိကြည့်မိငည်။ ကိုယ်ကို အရှေ့၊ အနောက်၊ ဘေးတိုက် လှည့်ကာ မှန်ထဲ ထင်ဟပ်သော ပုံရိပ်ကို ကြည့်သည်။

"ငါနဲ့ ဒီလောက်လိုက်တာကို ကောက ဘာလို့ စိတ်ဆိုးသွားရတာလဲ"

.
.
.

တစ်ဖက်ရှိ နှစ်ယောက်အိပ်ခန်းကြီးထဲမှာ အိပ်မပျော်နိုင်ပဲ လူးလိမ့်နေတဲ့ ကောင်လေးတစ်ယောက်လဲ ရှိနေခဲ့သည်။ ညနေက ဖေးယွီပုံစံလေးကို ပြန်မြင်ယောင်ရင်း ယွင်ရှီးမှာ စိတ်မဖြောင့်နိုင်တော့ပေ။ မိမိက မလိုအပ်ပဲ ခံစားမှု ပြင်းထန်နေမှန်း သိသော်လည်း မတတ်နိုင်ခဲ့။ ဒီကောင်လေးအပေါ် ယုံကြည်ပေမယ့် တခြားသူများကိုတော့ ယွင်ရှီး မယုံကြည်နိုင်ပေ။ ကုတင်ပေါ်မှ လူးလဲထကာ မှန်ရှေ့ရပ်ကြည့်မိပြန်သည်။ ခေါင်းထက်မှ ဆံနွယ်နက်နက်များကို ကြည့်ရင်း သက်ပြင်းချလေ၏။ မတတ်နိုင်ပေ... မိမိလည်း ပြောင်းလဲသင့်တာ ပြောင်းလဲရချေတော့မည်။

.
.
.

ပြာလဲ့ကောင်းကင်

တိမ်အဆင်နဲ့

တုနှိုင်းမမီ

လှလွန်းပေသည်

အိုဘယ့်ပန်းချီ စာဖွဲ့လို့မမီ...

သဲသောင်ယံထက်မှာ ခြေဆင်းထိုင်ရင်း မျက်နှာချင်းဆိုင် အလှပြိုင်နေသော အပြာလဲ့လဲ့ ကောင်းကင်ရယ် ရေပြင်ကျယ်ကြီးရယ်ကို ကြည့်ပြီး ဖေးယွီနှုတ်ခမ်းလေး ပြုံးလို့နေခဲ့သည်။ အပြာလဲ့လဲ့မှာ တိမ်သားဖြူဖြူလေးတွေ ပြေးနေတဲ့ ကောင်းကင်ကြီးကလှနေသလို ရေပြင်ပြာထက် လှိုင်းဖြူဖြူလေးတွေ ဖြတ်ပြေးနေတဲ့ ရေပြင်ကျယ်ကြီးကလည်း လှပလို့နေပေသည်။ သို့သော် ထိုအရာတွေထက် သာလွန်စွာ ဖေးယွီအမြင်အာရုံထဲ ခံစားနေမိသည့် အလှတရားတစ်ခုလည်း ရှိခဲ့သည်။ ရေထဲဆင်းလိုက် လှိုင်းလုံးများ ဝေ့ဝဲရိုက်ခတ်လာရင် သောင်ပြင်ပေါ်ပြေးတက်လိုက်နှင့် ပျော်ရွှင်မြူးတူးနေသော ဖေးယွီရဲ့ ချစ်မဝလေး... ထိုလူသားလေးရဲ့ ဆံနွယ်ပြာပြာလေးတွေက သဘာဝတရားနဲ့အတူ အလှချင်းပြိုင်နေသည်။

I'M NOT SHARING YOU WITH ANYONE ELSE (Completed)Where stories live. Discover now