#Unicode
/ ဟာ ဒီသောက်ကလေးလေး နာတော့မယ်/
ဖေးယွီ စိတ်ထဲကနေသာ ရေရွတ်လိုက်ရခြင်း။ အပြင်မှာတော့ ထုတ်မပြောရဲပါ။ ပေါက်စကို ကော ချစ်တယ်ဆိုတာ သိနေသူမို့ ကောရဲ့ အငြိုငြင်ကို မခံနိုင်ပါ။
ပေါက်စက လူသာငယ်တာ ကောကို ဖေးယွီနဲ့ အပြိုင်လုဖို့ဆို တအားတတ်တဲ့ ကလေးပေါက်လေး။ အခုလဲ ကြည့်လေ ကော မနက်စာ သေချာမစားမှာစိုးလို့ ခွံ့ကျွေးဖို့ လုပ်နေတာကို ဒင်းက လုစားသွားတဲ့အပြင် ကော ပေါင်ပေါ်ပါ အခန့်သား တက်ထိုင်နေတာ။
/ဟင်း ဟင်း ... ကောရှိနေတုန်း လုပ်ထားဦးပေါ့။ ကော ဒီဇိုင်းတွေသွားအပ်တဲ့အချိန်ကျ ဒင်း နာဖို့သာပြင်ထား။ ငါ့နေရာလုပီး တက်ထိုင်တဲ့ တင်ပါးသေးသေးလေးတွေကို ဆွဲဆိတ်ပစ်ဦးမှာ/
ဖေးယွီ အကြည့်နဲ့ စစ်ထိုးနေသည်ကို ကောက သိသည့်နှယ် ဖေးယွီကို လှည့်ကြည့်လာပြီးနောက်
"ဖေးယွီ...သားငယ်လေးနဲ့ ဖေးယွီက ၁၉ နှစ်ကျော် ကွာတယ်နော်... သိလား"
အစမရှိ အဆုံးမရှိ ပြောလာလေတဲ့စကား...
သိတာပေါ့ ဒါ ဖေးယွီကို ကိုယ်မွေးရင် ကိုယ့်သားအရွယ်လောက်ရှိမယ့် ကလေးလေးနဲ့အပြိုင် ဆိုးမနေနဲ့၊ ကလေးလို လုပ်မနေနဲ့ပြောနေတာ။ ဖေးယွီလဲ ကောရှေ့မှာဆို ကလေးပဲဟာ။ ကောရှေ့မှာမို့ ဆိုးချင်မိတာ အပြစ်လား။ ပြီးတော့ ဟိုပေါက်စက သူက ကလေးဆိုတဲ့ ဂုဏ်ကိုသုံးပြီး ကောကို ဖေးယွီဆီက လုချင်နေတာကြီးကို။ အဲ့ပေါက်စက ကောရဲ့ သွေးသားမဟုတ်ဖူးဆိုတာကို ပြောပြစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာပေမယ့် ဖေးယွီ မြိုချလိုက်ပါတယ်။ မင်ဟွေ့ကျဲနာရေးမှာ ပေါက်စကို စောင့်ရှောက်ပါမယ်ဆိုပြီး ဖေးယွီ ကတိပေးခဲ့တာပဲ မဟုတ်လား။ ပြီးတော့ ကောရဲ့ စိတ်လေးကို ဒီ့ထက်ပိုပြီး မပြိုလဲစေချင်ပါ။
သက်ပြင်းတစ်ခုသာချကာ ကောကိုလဲ ဖေးယွီစိတ်ဆိုးသွားပါပြီဆိုတာကိုလည်း သိစေချင်နေတာမို့ စားလက်စပန်းကန်ထဲ ဇွန်းကိုချကာ ထရပ်လိုက်သည်။
"ကျွန်တော် ဗိုက်ဝသွားပြီ ကော"
"ဖေးယွီ"
YOU ARE READING
I'M NOT SHARING YOU WITH ANYONE ELSE (Completed)
Fanfictionကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ... ကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ ... #feiyunxi fanfic by Avery