#Unicode
“….”
“အာ … ကျွန်တော့ထက် ငယ်မယ်ထင်လို့”
ကောင်ချောလေးရဲ့ မျက်ဝန်းလေးတွေက ပြူးကျယ်သွားကာ ဖေးယွီကို ကြောင်တောင်တောင်လေး စိုက်ကြည့်လာသည်
“ကောက 32နှစ် ပြည့်ပြီးသားပါ”
ဖေးယွီက ဘာစကားမှ ပြန်မဆိုပဲ သူ့ကိုပဲ စူးစိုက်ကြည့်နေတာကြောင့် မနေတတ်တော့သည့်နှယ် လက်တစ်ဖက်က ဟင်းအမယ်တွေထည့်ထားတဲ့ ဗူးကိုကိုင်ထားလို့ မအားတာကြောင့် ကျန်တစ်ဖက်ဖြင့် လည်ကုတ်ကိုပွတ်ကာ ပါးပြင်လေးတွေက ပန်းရောင်ပြေးပြေးလေး ဖြတ်ပြေးသွားလေ၏။
/အရှေ့က လူသားလေးက စိတ်ဝင်စားစရာပဲ/ ဟုတွေးကာ ဖေးယွီနှုတ်ခမ်းထောင့်တစ်ဖက်က သဘောကျမှုတို့ဖြင့် ကွေးညွှတ်သွားတော့သည်။
“ကော … (သံရှည်ဆွဲကာခေါ်ပြီးနောက်)
အား …တကယ်ပဲ
ကောက ကျွန်တော့ထက် 12နှစ် ကြီးတယ်ဆိုတာ လုံးဝ မထင်ရက်စရာပဲ
တကယ် … တကယ် ကျွန်တော့ထက် ငယ်မယ်ပဲထင်နေတာ”ထိုစကားကို ကြားရပြီးနောက် အသက် ၃၂နှစ်ဟု ဆိုပါလေသော အစ်ကို သေးသေးလေးရဲ့ ပါးပြင်နှစ်ဖက်က ပိုရဲတက်လာခဲ့သည်။ ဖေးယွီနဲ့ မျက်လုံးချင်း အဆုံမခံတော့ပဲ ဖယ်ရှောင်ကာ ခေါင်းငုံသွားသည်မှာ ပြန်ကို မော့ကြည့်မလာတော့။ ရယ်ချင်စိတ်ကို နှုတ်ခမ်းကိုက်ကာ ဖိထိန်းရင်း ဖေးယွီကပဲ ထိုအစ်ကိုသေးသေးလေး အရှက်ပြေအောင် စကားဆက်လိုက်လေ၏။
“ကောတို့ကို အိမ်ထဲဖိတ်ချင်ပေမယ့် ကျွန်တော်က ဒီနေ့မှစပြောင်းတာဆိုတော့ ပစ္စည်းတွေ နေရာချလို့ မပြီးသေးဖူး။ အတော်လေးကို ရှုပ်နေလို့ နောက်ရက်မှ ကောတို့ကို သေချာဧည့်ခံတော့မယ်နော်။ ဒါတွေက ကျွန်တော့အတွက်ဟုတ်။ ကောင်းကောင်းစားပါ့မယ်။ ကျေးဇူးအများကြီး တင်ပါတယ်။”
ပြောရင်းဖြင့် ယွင်ရှီးလက်ထဲမှာ ကိုင်ထားဆဲဖြစ်သည့် ဟင်းအမယ်တွေထည့်ထားတဲ့ဗူးကို လှမ်းယူလိုက်လေသည်။ လွတ်လွတ်ကျွတ်ကျွတ်လှမ်းယူလို့ ရပေမယ့် တမင်တကာပင် ယွင်ရှီးလက်ကို အချိန်တစ်ခုကြာ ဖွဖွထိတွေ့ ပွတ်သတ်အုပ်ကိုင်ပြီးမှ လှမ်းယူလိုက်ခြင်းဖြစ်လေ၏။ ကြောင်တောင်တောင်လေး မော့ကြည့်လာသည့် ယွင်ရှီးရဲ့ မျက်ဝန်းထဲ စိုက်ကြည့်ကာ ပြုံးပြလိုက်တော့ နားရွက်ဖျားလေးတွေပိုရဲသွားကာ ခေါင်းပြန်ငုံ့သွားပြန်သည်။
YOU ARE READING
I'M NOT SHARING YOU WITH ANYONE ELSE (Completed)
Fanficကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ... ကိုယ့်ရဲ့မာယာတွေမှာ မင်းကျရှုံးပါ ... #feiyunxi fanfic by Avery