Zgy
မှောင်မိုက်နေသောညရောင်နှင့်လိုက်ဖက်စွာ လှပပြီးအေးစိမ့်စိမ့်အငွေ့အသက်များ ဖုံးလွှမ်းနေသောကြီးမားတဲ့စံအိမ်တော်ဝန်းကျယ်ကြီးထဲတွင်တော့ တစ်ကိုယ်လုံးအနက်ရောင်ဝတ်စုံများဝတ်ဆင်ထားတဲ့သူတွေနဲ့ပင် ပြည့်နှက်လို့နေတယ်။သူတို့ဟာကျောက်ရုပ်ကြီးများအလားပင် သူတို့ရှေ့တွင်မည်သည့်အရာပင်ဖြစ်ပျက်နေပါစေ သူတို့နှင့်လားလားမှမဆိုင်သလိုနေမည့်ပုံများပင်ဖြစ်ည်။
ထိုအိမ်ကြီးရဲ့အတွင်းဘက် စာကြည့်ခန်းထဲတွင်တော့အဖြူရောင်အကျီအားဝတ်ဆင်ထားကာ ၎င်း၏အပေါ်ဘက်တွင်တော့အမည်းရောင်ကုတ်တစ်ထပ်ကိုထပ်၍ဝတ်ဆင်ထားပြန်သည်။ရင်ဘတ်မှကြယ်သီးသုံးလုံးအားး တပ်ဆင်ထားခြင်းမရှိသည့်အတွက် ထိုသူ၏ဖြူဖွေးဝင်းလက်နေသော အသားအရည်ပေါ်တွင်မှအလွန်ဆွဲမက်ဖွယ်ကောင်းသောtattoတစ်စုံရှိနေတယ်။ချယ်ရီပန်းပေါ်မှာ လိမ်ယှက်ကာရစ်ပတ်နေတဲ့မြွေတစ်ကောင်ပုံသည် အလွန်ကိုမှလက်ရာမြောက်ကာထိုသူ၏အသားအရည်နှင့်ပင် အလွန်လိုက်ဖက်နေလေ၏။
ထိုလူ၏နားဘေးတွင်လည်းအနက်ရောင်ကျားတစ်ကောင်ရှိနေလေရဲ့။ထိုသူရဲ့မျက်နှာအားအေးစက်နေပြီ မျက်လုံးများဟာလည်းစူးရှလို့နေတယ်။တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးတစ်စုံရှိပြီး မေးရိုးများဟာလည်းချွန်မနေပဲအနည်းထောင့်ကျနေသည်။အားလုံးကိုချုံငုံကြည့်မယ်ဆိုရင် ထိုလူဟာအရမ်းကိုပဲဆွဲမက်ဖွယ်ကောင်းနေပြီးနတ်ဆိုးတစ်ကောင်နှင့်တူနေသည်။ရုတ်တရက်ထိုလူရဲ့တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းနှစ်လွှာဟာ ပွင့်ဟလို့လာတယ်....
"ငါပြောထားတာတွေသေချာလုပ်ထားပြီပြီးလား"
"ဟုတ်ကဲ့ပါBoss ကျွန်တော်အကုန်စီစဉ်ပြီးသွားပါပြီ"
"အင်း မင်းသွားတော့"
"ဟုတ်ကဲ့Boss"
"အဟက်honey honey အဆိုးလေးမင်းကသိပ်ကြိဆိုးတာပဲကွာ။ sorryပဲကွာကိုယ်မင်းအတွက် ဒီလိုတွေလုပ်ရတာ ကိုယ့်ကိုစိတ်မဆိုးရဘူးးနော်"
ထိုလူဟာအခြားသူမဟုတ် ဇာတ်လိုက်Sayyပင်။
သူဟာဝေယံသော်အဖေ့ရဲ့ ကုမ္ပဏီမှာယနေ့ပင်ရှယ်ရာအများဆုံးဝင်ထားသူတစ်ယောက်ဖြစ်လာသည်။သူ့လိုလူတစ်ယောက်ကအဲ့လိုရှယ်ရာလိုက်ဝင်နေစရာမလိုပင်။သူဘာမှမလုပ်ပဲထိုင်စားနေရင်တောင် သူဟာမွှဲမသွားဘူး။သေချာတာပေါ့ သူဟာဒီCrownကုမ္ပဏီတင်မကဘူး နောက်ထပ်အရာတွေလည်းရှိနေသေးတယ်။ဘယ်သူမှရန်မစရဲတဲ့ ဖိတ်ဖိတ်တုန်အောင်ကြောက်ရသူGod of Deatဂိုဏ်းရဲ့ခေါင်းဆောင်devil ဟာသူပင်။
YOU ARE READING
မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)
Romanceဒီficလေးကို ကျွန်တော်စိတ်ကူးထဲကအတိုင်းရေးထားတာပါ။ 🚨🚨လေးတွေလည်းပါမှာမလို့မကြိုက်တဲ့သူရှိရင်ကျော်သွားကြပါ။အရိုင်းဆန်တာေလးများအနည်းငယ်ပါမှာမလို့ကြိုက်မှဖတ်ကြပါ ကျေးဇူးတင်ပါသည်။🥰🥰 Starring-June,27,2021 Ending-。。。。