Ep-19

2.2K 141 9
                                    

ZGY

ဂျပန်လေဆိပ်ထဲတွင် ကောင်လေးးတစ်ယောက် စိတ်လှုပ်ရှားမှုတွေနဲ့ယောက်ယက်ခတ်နေသည်။ သူပုံစံကြည့်ရတာလည်း တစ်စုံတစ်ယောက်အားစောင့်မျှောက်ကာ လာကြိုနေဟန်ရှိသည်။

"ဘေဘီ အဲ့လောက်တောင်စိတ်လှူပ်ရှားနေတာလား?"

"ဒါပေါ့ ကိုရယ်၊ သူ့ကိုမတွေ့ရတာဘယ်လောက်တောင်ကြာပြီလည်းဆိုတာဘေဘီတောင် မသိတော့ဘူး"

ဝေယံဟာပြောရင်းမျက်ရည်တွေ ရစ်သိုင်းလာတယ်။ ဒါကမူလကိုယ်ပိုင်ရှင်ရဲ့ ခံစားချက်ကြောင့်ရော၊ သူရဲ့စိတ်ကြောင့်ရောပါ ခံစားချက်တွေလွယ်လာကာမျက်ရည်တွေရစ်သိုင်းလာသည်။

ထိုအချိန်သူတို့စောင့်မျှော်နေတဲ့ လေယာဉ်ဟာဆိုက်ရောက်လာပြီး ဆိုတဲ့သတင်းကိုကြားလိုက်ရသည်။

သူလည်းစိတ်လှုပ်ရှားစွာပင် ထွက်လာတဲ့သူတွေကြားထဲ သူမြင်တွေ့ချင်တဲ့သူအား‌အသည်းအသန်ရှာဖွေလို့နေသည်။
"ဘယ်မှာလည်း မထွက်လာသေးဘူးလား၊ ကြာလိုက်တာ"

သူဟာအရှေ့နားရှိဆိုင်းဘုတ်ကလေးတွေကိုင်ဆောင်ကာ သူတို့၏ကိုင်ဆောင်ထားသောဆိုင်းဘုတ်မှအမည်ပိုင်ရှင်လေးများအား စောင့်မျှော်ရာနေရာသို့အပြေးလေးသွားကာ ပတ်လို့ရှာဖွေနေသည်။

ဒီနေ့မှစိတ်လှုပ်ရှားနေလို့ထင်တယ် သူ့ရှာဖွေ‌နေတဲ့သူကိုခုထိရှာလို့မတွေ့သေးပေ။

ထိုအချိန်ရုတ်တရက်သူ့ရဲ့နောက်ကျောကနွေးထွေးသွားပြီး ဆွဲဆောင်မှုရှိတဲ့အသံတစ်သံဟာထွက်လို့လာတယ်။
"ယံယံ~~ အချစ်လေးစောင့်ရတာကြာသွားလား"

"မုံမုံ~"

သူလှည့်ကြည့်လိုက်တော့ ရေကူးဝတ်စုံလိုပုံစံမျိုးကိုမှ လည်ပင်းအစိနှင့်ဖြစ်ကာ ဂျင်းဘောင်းဘီအပွကိုခါးပတ်နှင့်တွဲကာဝတ်ဆင်ထားသည်။ ဒါတောင်ကုတ်အကျီအရှည်အား အပေါ်မှထပ်ကာခြုံထားသေးတယ်။ လျစ်ဟနေသောခါးသွယ်သွယ်လေးရှိနေပေမဲ့ ဂျင်ကစားသည်ထင်ရလောက်အောင် ဝမ်းဗိုက်ဟာမိန်းကလေးတွေလိုပြားချပ်မနေပဲ ပေါင်မုန့်ခြောက်လေးတွေအနည်းငယ်ရှိလို့နေသည်။ သူ့လိုလူမျိုးကိုတောင်မနာလိုဖြစ်စေတယ်။

မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)Where stories live. Discover now