ZGY
"ဒီကိစ္စကိုသားသိပါတယ် ဒယ်ဒီအဓိကပြောချင်တာကိုသာပြောပါ"
"ဒယ်ဒီပြောချင်တာ သမက်ကလေးယံကိုပဲ။ သူတို့မိဘတွေကရိုးရှင်းတယ် မြေအောက်လောကနဲ့ဆက်စပ်မှုလည်းရှိမနေဘူး။ သူတို့ရဲ့ကြိုးစားမှုနဲ့တာတက်လာခဲ့ကြတာ။ နောက်ပြီးသမက်လေးယံကကျန်းမာရေးမကောင်းသူလေးဆို ပြီးတော့သူရဲ့အကြောင်းစုံစမ်းရသလောက်တော့ အနေအေးပြီးသူ့ဟာသူနေတဲ့သူလေးပါ။ အဲ့လိုကလေးမျိုးကို ဒယ်ဒီတို့ရဲ့မြေအောက်လောကနဲ့ပက်သက်ပြီးတော့မသိစေချင်သလို ပက်လည်းမပက်သက်စေချင်ဘူး။ ဒီကလေးကိုပစ်မှတ်ထားကြမှာကိုလည်း ဒယ်ဒီစိုးရိမ်တယ်။ဒယ်ဒီပြောချင်တာကိုသိတယ်မလား စေး"
"သားနားလည်ပါတယ်ဒယ်ဒီ စိတ်ချပါသားသူ့ကိုစောက်ရှောက်နိုင်ပါတယ်။ သူ့ကိုထိခိုက်အောင်လုပ်တဲ့သူတွေကို သားကအရှင်ထားမှာမဟုတ်တဲ့အတွက်ဒယ်ဒီ စိတ်ချလိုက်ပါ။"
"ဟုတ်ပါတယ်အန်ကယ် ကျွန်တော်တို့ကလည်းစေးလိုပါပဲ။ ဝေယံသော်ကိုထိတဲ့သူတွေကိုအရှင်ထားမှာမဟုတ်တာကြောင့် အန်ကယ်စိတ်ချလို့ရပါတယ်"
ဂျွန်ယုဟွန်းဟာလည်း အာမခံပေးခဲ့သည်။"ကျွန်မနဲ့ဂျိုးဇက်ကလည်း အာမခံနိုင်ပါတယ် သော်ကိုစောင့်ရှောက်ပါ့မယ်လို့"
"ကောင်းပြီ ဒါဆိုရင်တော့ဒယ်ဒီစိတ်ချပါပြီ။ ကြည့်ရတာသမက်ယံလေးက သူငယ်ချင်းကောင်းတွေရနေတယ်ထင်ပါတယ်။"
"ဘာတွေပြောနေကြတာလည်း"
လုဂျင်းဖန်မေးလိုက်သည်။ သူဘာဘီလေးနဲ့လမ်းလျှောက်ထွက်ပြီး ပြန်လာတော့စကားကောင်းနေကြတဲ့ အဖွဲ့နဲ့လာတိုးနေကြတယ်မလား။ သူမလည်းသိချင်တာပေါ့ တကယ်တည်းဘာတွေလာလျှို့ဝှက်နေတာလည်းမသိဘူး။ သူရဲ့ဘာဘီလေးကြည့်တော့လည်း အူတူတူလေး။
"ရှင်မပြန်လာပြီလား ဘယ်လိုလည်းယံလေးနဲ့လမ်းလျှောက်ရတာပျော်ရဲ့လား"
"ပျော်တာပေါ့တော် မောင်သိလားဘာဘီလေးလက်ကနူးညံ့နေတာပဲ"
စေးတို့တော့တင်းပြီလေ။ သူတောင်အဝမကိုင်ရသေးတဲ့လက်ကလေးကို အမေဖြစ်သူကအပြည့်အဝတောင်ကိုင်ပြီးနေပြီ။ သူအဆိုးလေးကိုဆူပုပ်ပုပ်ကြည့်လိုက်တော့ သူနဲ့မဆိုင်သလိုလေးမျက်နှာလွှဲသွားတာ။ တွေ့ကြသေးတာပေါ့ အဆိုးလေးရယ်။
YOU ARE READING
မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)
Romantizmဒီficလေးကို ကျွန်တော်စိတ်ကူးထဲကအတိုင်းရေးထားတာပါ။ 🚨🚨လေးတွေလည်းပါမှာမလို့မကြိုက်တဲ့သူရှိရင်ကျော်သွားကြပါ။အရိုင်းဆန်တာေလးများအနည်းငယ်ပါမှာမလို့ကြိုက်မှဖတ်ကြပါ ကျေးဇူးတင်ပါသည်။🥰🥰 Starring-June,27,2021 Ending-。。。。