ZGY
လောဘီဟိုတယ် တနည်း ပါတီပွဲလို့ဆိုနိုင်သည့်နေရာရဲ့ ရှေ့တွင်တော့ ဇိမ်ခံကားများတစ်စီးပြီးတစ်စီးရောက်ရှိလို့လာတယ်။ ဘေးနားတွင်လည်း မီဒီယာသီတင်းထောက်တွေနဲ့ပြည့်နှံ့လို့နေသည်။ ဒါပေမဲ့သူတို့မျှော်လင့်နေသူက ရောက်ရှိလို့မလာသေးပေ။ မကြာမှီမှာပဲlimousine ကားတစ်စီးဟာသူတို့ရှိရာ အရပ်သို့ရောက်လို့လာတယ်။ ဘယ်သူလည်းပြေးကြည့်စရာမလိုအောင်ပင် သူတို့စောင့်နေသူဆိုတာကိုတန်းသိလို့နေသည်။
ကားတံခါးဖွင့်လိုက်ပြီးနောက်မှာတော့ မျက်စိများကျိန်းလောက်အောင် ချောမောခန့်ညားသော အမျိုးသားတစ်ယောက်ထွက်လို့လာသည်။ အဖြူရောင်နဂါးဝတ်စုံကိုဝတ်ဆင်ထားခြင်းဖြင့် ထိုသူဟာ သာမန်လူများအနားကပ်မရနိုင်သော အရှိန်အဝါတွေနဲ့ပြည့်နှက်လို့နေတယ်။ သူတို့အံ့ဩနေရခြင်းမှာ ထိုအမျိုးသားဟာအရင်လိုအထဲသို့တန်းဝင်ခြင်းမရှိပဲ ခါးကိုင်းကာအထဲမှတစ်စုံတစ်ယောက်အား လက်လှမ်းလို့နေသည်။ ဒါသူတို့အတွက်အကြီးမားဆုံးသတင်းပေ။ ထိုသူဟာတစ်ခါမှ သူတက်ရောက်သောပွဲများသို့ပါတနာခေါ်လာခြင်းမရှိခဲ့ပေ။ ခုတော့အထဲမှတစ်စုံတစ်ယောက်အားလက်လှမ်းပေးနေခြင်းကြောင့် ထိုကံကောင်းလှစွာသောမိန်းမပျိုလေးအား အမိအရဓာတ်ပုံရိုက်ယူရန်ကြံစည်နေကြသည်။ သူတို့ဟာထိုကံကောင်းသူသည် တစ်အိမ်အိမ်က သခင်မလေးတစ်ဦးလို့ထင်နေကြလေရဲ့။ သူတို့တွေးနေခိုက်ထွက်ပေါ်လာသော ဖြူအုနေကာသွယ်လျသောလက်တံလေးများကြောင့် သူတို့အထင်ဟာမှန်နေသည်ပေါ့။ လူထွက်လာသောအခါမှသာထိုလူများဟာဓာတ်လိုက်သွားသလိုပင်။ ယောကျာ်းလေးဟ!!
YOU ARE READING
မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)
Romanceဒီficလေးကို ကျွန်တော်စိတ်ကူးထဲကအတိုင်းရေးထားတာပါ။ 🚨🚨လေးတွေလည်းပါမှာမလို့မကြိုက်တဲ့သူရှိရင်ကျော်သွားကြပါ။အရိုင်းဆန်တာေလးများအနည်းငယ်ပါမှာမလို့ကြိုက်မှဖတ်ကြပါ ကျေးဇူးတင်ပါသည်။🥰🥰 Starring-June,27,2021 Ending-。。。。