ZGY
"ငါပို့ခိုင်းလိုက်တာကို မင်းသေချာပို့ခဲ့ရဲ့လား"
"ဟုတ်ကဲ့"
"ကောင်းတယ် မင်းသွားနားတော့မင်းလည်းဆေးကုထားတာမကြာသေးဘူးမလား၊သွားနားလိုက်တော့"
"ဒါဆိုကျွန်တော်ပြန်အနားယူလိုက်ပါအုန်းမယ် သခင်လေးဝေယံ"
ဝေယံပြောအပြီးမှာ ထိုသူဟာငြင်းမနေတော့ပဲပြန်ပြောကာ အနားယူရန်ထွက်သွားတော့သည်။ သူရဲ့ဒဏ်ရာများအားဆေးကုသပေးထားတာကြောင့် အရင်ကလောက်မနာကျင်တော့ပေ။ သူ့မျက်နှာကိုလည်းပြန်ပြင်ပေးထား(ခွဲစိတ်တာပါ)တာကြောင့် အရင်ရုပ်ဟာပြောင်းလဲသွားကာ လူသစ်၊စိတ်သစ်လိုပင်ဖြစ်လာသည်။ဝေယံကတော့ထွက်သွားတဲ့ ယန်အာရဲ့ကျောပြင်ကိုသာကြည့်နေသည်။ သူ့အားဝေယံလို့သာခေါ်ရန်ပြောဆိုထားပေမဲ့ ယန်အာဟာလက်မခံပဲသူ့ကိုသခင်လေးတပ်ကာခေါ်ဆိုသည်။
'ဟက် ကြည့်ရတာဟိုဘက်ကငါ့လက်ဆောင်ကိုရလို့ သေချာပေါက်ကျေနပ်နေမလား၊ဘယ်လိုမျက်နှာတွေဖြစ်နေမလည်းဆိုတာ ငါသိချင်လိုက်တာ ငါနဲ့ကို့ကိုခွဲချင်တဲ့ ဘယ်သူမဆိုငါပို့လိုက်တဲ့လက်ဆောင်အတိုင်းပဲဖြစ်စေရမယ်'ဝေယံကသူကိုသတ်ဖို့လွှတ်လိုက်တဲ့လူတွေထဲက အကြီးဆုံးအကိုကြီးရဲ့ခေါင်းကိုထုပ်ပိုးကာ သူ့ကိုသတ်ဖို့လွှတ်လိုက်တဲ့သူတွေရှိပို့ရန် ယန်အာကိုစေခိုင်းခဲ့တယ်။ ယန်အာကတစ်ခါထိုလူရှိဖမ်းခေါ်သွားခံရတာကြောင့် သေချာပေါက်ကိုထိုနေရာကိုသိနေမည်မှာမလွှဲပေ။ ကြည့်ရတာတော့ သူ့ကိုလျော့တွက်ထားပုံပဲ ယန်အာတို့ကိုလဲသေချာပေါက်ရှင်းပြစ်မှာဆိုတာပြောစရာကိုမလိုပေ။
သေချာပေါက်ကိုငါသေခဲ့ရင် ကို့ကငါ့ကိုသတ်တဲ့သူတွေကိုအလွတ်ပေးမှာမဟုတ်ဘူး ဒါကြောင့်သေချာပေါက်ငါ့ကိုသတ်တဲ့ ယန်အာတို့သုံးယောက်ကိုသတ်ပစ်မည်မှာမလွှဲပေ။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။
'အဟက် မင်းကငါနဲ့ကို့ကိုအထင်သေးနေမှတော့ငါကပဲ အထင်မသေးရဲအောင်ပြရတာပေါ့ကွာ၊ မင်းဘာသာဘာကောင်ဖြစ်နေနေငါကတော့စောက်ဂရုစိုက်မှာမဟုတ်ဘူး'"မကြာခင်တွေ့ကြတာပေါ့ကွာ မင်းသေချာပေါက်ငါ့ရှေ့ကိုပေါ်လာမယ်ဆိုတာငါကြိုသိနေတယ်၊ စိတ်ချပါငါကမင်းကိုသေချာကိုစောင့်.နေ.မှာမလို့ "
ထိုစကားပြောကာပြုံးနေတဲ့ဝေယံရဲ့အပြုံးဟာ ကြောက်ဖို့ကောင်းကာ ငရဲပြည်ကတက်လာသည့်နတ်ဆိုးအတိုင်းပင်ဖြစ်လို့နေသည်။ ဒါဟာတစ်ကယ့်ကိုဘယ်သူမှမသိသေးတဲ့ဝေယံရဲ့တစ်ဖက်ခြမ်းများလား?
YOU ARE READING
မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)
Romanceဒီficလေးကို ကျွန်တော်စိတ်ကူးထဲကအတိုင်းရေးထားတာပါ။ 🚨🚨လေးတွေလည်းပါမှာမလို့မကြိုက်တဲ့သူရှိရင်ကျော်သွားကြပါ။အရိုင်းဆန်တာေလးများအနည်းငယ်ပါမှာမလို့ကြိုက်မှဖတ်ကြပါ ကျေးဇူးတင်ပါသည်။🥰🥰 Starring-June,27,2021 Ending-。。。。