Ep-1

21.6K 656 28
                                    

မနက်ခင်းနေရောင်ခြည်လေးများဖြာကျနေသောအခန်းတစ်ခန်းရဲ့ ကုတင်ထပ်တွင်ဝေယံသော်တစ်ယောက် စိတ်ရှုတ်ထွေးနေလေသည်။

ခင်ဗျားတို့ပဲစဉ်းစားကြည့် ကျွန်တော်မှာတော့လမ်းသွားနေရင်းကောင်မလေးတစ်ယောက် လဲကျနေလို့ကူပြီးထူပေးကာမှ ဒင်းကဘာစိတ်ကူးတွေပေါက်ပြီးလဲမသိဘူး ကျွန်တော့ကို တွန်းချကာထွက်ပြေးသွားသည်။

သူတွန်းတာအရေးမကြီးပါဘူး ဒါမဲ့တွန်းချလိုက်တဲ့နေရာလေးကဝမ်းသာစရာ ကားလမ်းမကိုပဲ အဲ့ချိန်ကျမှဘယ်ကကံကဇွတ်ကောင်းနေလည်းမသိဘူး။ ကုန်ကားတစ်စီးဝင်လာပြီ ကျွန်တော့ကိုတိုက်သွားတယ်လေ။ဝမ်းသာလွန်းလို့မျက်ရည်တောင်သိမ်းနိုင်ဘူး..

အဲ့တာကြောင့်လူကြီး‌တွေပြောတာ ခြေနှစ်ချောင်းသားမကယ်ကောင်းဘူး ခုတော့ရှည်မိတဲ့ကိုယ့်အမှားပဲလေ။အဲ့တာကအရေးမကြီးတော့ပါဘူး သူကသေပြီးနေပြီပဲမဟုတ်လား ပြန်တွေးပြီးဝမ်းနည်းနေတော့ရော ပြန်ရှင်လာမှာမလို့လား။

အရေးကြီးတာခုချိန်ပဲ သူပထမတော့ကောင်းကင်ဘုံရောက်သွားတယ်ထင်နေတာ ဟဲဟဲသိတယ်မလားကိုယ်ကကုသိုဘ်ကောင်းမှုတွေကျိလုပ်တော့လေ။ခုတော့ဗျာ ကျွန်တော်မသေခင် ဖတ်ထားတဲ့စာအုပ်ထဲရောက်သွားတယ်တဲ့လား ရောက်မဲ့ရောက်လည်း ကိုယ့်လိုရုပ်နဲ့သေချာပေါက်ဇာတ်လိုက်ကိုယ်ထဲရောက်သင့်တာပေါ့။

ခုတော့အရံတောင်မဟုတ် ဖြတ်လျှောက်လောက်ပဲရှိတဲ့သူရဲ့ကိုယ်ထဲတဲ့လား

"မိုးကောင်းကင်ကဘိုးတော်ရေ f**kပဲသိလား။"

ဟုတယ်လေ သူဝင်တဲ့ကိုယ်ကဇာတ်လိုက်သတ်လို့သေမဲ့ကိုယ် နာမည်ကတော့သူနဲ့တူတူပါပဲ။မတူတာတော့ စရိုက်ပဲ သူနဲ့ကိုယ်ကမိုးနဲ့မြေလိုကွာတယ်လေ။သူကအေးအေးဆေးဆေးနေတယ်ပြီး တော့ရင့်ကျက်သူလိုနေတာ ကိုယ်ကတော့အဲ့လိုလားနေမှာ အရင်ဘဝမှာတောင်ဆရာမတွေရဲ့အချစ်တော် မျောက်လောင်းအ‌မွှေစိန်ဖြစ်ခဲ့တာ ဒါတောင်စပ်စလူးထတာမပါသေး။အရင်ကိုယ်လိုသာနေရရင် ဘုန်းကြီးသာပြေးဝတ်ချင်စိတ်ပေါက်တယ်။

ဘာပဲပြောပြောပါခုဒီကိုယ်ထဲကျွန်တော်ရောက်လာမှတော့ ဒီကိုယ်ကျွန်တော်ပိုင်တာပေါ့ ဟဲဟဲ မွှေလို့ရပြီလေ။ ဒီဝေယံသော်ကြီးက အချမ်းသာဆုံးစာရင်းဝင်မိသားစုထဲက တတိယမြောက်မိသားစုရဲ့ အချစ်တော်သားငယ်လေးလေ။ထိုကြောင့်လည်းမိဘတွေက သူ့သားရဲ့အလိုတော်အတိုင်းအကုန်လုပ်ပေးတာ။သူသေတော့သူရဲ့အမေဆို ဆေးရုံတင်ရတဲ့အထိဖြစ်သွားတာ အဖေကတော့သားစိတ်ကြောင့်ရော မိန်းမကပါဆေးရုံမှာဆိုတော့‌ စိတ်ဓာ‌တ်တွေကျလာတယ်။

မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)Where stories live. Discover now