ZGY
Sayyတစ်ယောက် သူရဲ့ရင်ခွင်ထဲကိုတိုးဝင်လာတဲ့ အနွေးဓာတ်လေးကြောင့်နိုးလာရသည်။ သူဒီလိုနှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြာလှခဲ့ပြီ။ ခုတော့ သူရင်ခွင်ထဲကို အတင်းတို့ဝင်နေတဲ့အဆိုးလေးကြောင့် ပျော်ရွင်မှုကအလုံးအရင်းပင်ခံစားရသည်။ ချစ်ရသူနဲ့အတူရှိနေရခြင်းက ဒီလောက်တောင်ပျော်ရွင်ရမှန်း သူတစ်ကယ့်ကိုမသိခဲ့မိဘူး။ ခုတော့ဒီခံစားချက်က အရမ်းကိုကျေနပ်မိစေသည်။ ပျော်ရွင်မှုကိုလည်းခံစားရသည်။
သူအဆိုးလေးရဲ့မျက်နှာကို ငေးကြည့်နေစဉ်မှာပဲ လှုပ်ရွကာလူလွှန့်လာသူလေးကြောင့် အသာပြုံးကာပြန်အိပ်လိုက်သည်။ ဝေယံနိုးလာတော့ သူဟာလူတစ်ယောက်ရင်ခွင်ထဲရောက်နေတာကိုသိလိုက်ရသည်။ သူဟာအရမ်းကိုနွေးထွေးပြီး အိပ်ဆက်လို့ကောင်းတဲ့စောင်ကိုခြုံထားရသည်လို့ ထင်နေခဲ့တာ ခုတော့သူတွေးတာနဲ့ခြားနားစွာပဲ သူဟာဇာတ်လိုက်ရဲ့ရင်ခွင်ထဲကိုရောက်နေခဲ့တာဖြစ်သည်။ ဒါဘယ်လိုတောင် ရှက်စရာကိစ္စကြီးလည်း မနေ့ကတောင်ဇာတ်လိုက်ကိုနှင်ထုတ်ကာ သူ့အနားမကပ်ဖို့ပြောခဲ့တာက သူမဟုတ်ခဲ့သလိုပဲ။ ခုတော့သူဟာ သူနှင်ထုတ်ခဲ့တဲ့သူရဲ့ ရင်ခွင်ထဲကိုတိုးဝင်ကာ အိပ်စက်နေခဲ့သည်တဲ့လား?? ဘယ်လိုတောင် ရှက်စရာကိစ္စလည်း။ ခုတော့သူမနိုးလာသေးခင် မိမိအရင်ထသွားသင့်ကြောင်းသာ သူ့ရဲ့အတွေးတွေကပြောနေသည်။
သူဖက်ထားတဲ့ဇာတ်လိုက်ပေါ်ကသူရဲ့လက်တွေကို အသားလေးဖယ်ရှားကာ ထရန်ကြိုးစားလိုက်သည်။ သူထပြီးဆင်းရန်ကြိုးစားနေချိန်မှာပဲ အနောက်ကတစ်စုံတစ်ယောက်ရဲ့ ဆွဲယူခြင်းကြောင့် ထိုနွေးထွေးတဲ့ရင်ခွင်ထဲကိုပြန်လည်ရောက်ရှိသွားရသည်။ ဆွဲချလိုက်တဲ့သူကတော့ အခြားသူရှိမယ်လို့တော့ မထင်ပါ။ ဒီအခန်းမှာရှိတာဆိုရင် သူနဲ့ဇာတ်လိုက်နှစ်ယောက်ပဲရှိတာ အခြားသူဆွဲချတယ်ဆိုတာဖြစ်နိုင်ပါ့မလား။
"အဆိုးလေး ကိုယ့်ကိုအရမ်းအသဲယားအောင်လုပ်နိုင်လွန်းတယ်ကွာ။ ခုကိုယ်လုပ်ချင်တာက မင်းကိုချစ်ပစ်ချင်တာပဲသိတော့တယ်"
ဇာတ်လိုက်ကတစ်ကယ့်ကိုအရှက်မရှိတော့တာလား? တည်ငြိမ်ပြီးအေးစက်တဲ့သူက ဒီလိုပလီပလာစကားတွေလည်း တတ်တယ်တဲ့လား?
Sayyကတော့သူအိမ်ချင်ယောင်ဆောင်နေတုန်း သူရဲ့အဆိုးလေးလှုပ်ရှားနေမှုတွေကို သိတော့အသဲတွေယားလာတယ်။ သူမသိအောင်ထသွားဖို့ ပြင်နေတဲ့ပုံပဲ။ သူမနိုးအောင် အသာလေးလှုပ်ရှားနေတာလေးတွေဟာ သူ့ကိုပိုပင်အသဲယားအောင် ဆွပေးနေသလိုပဲ။ စိတ်ရှိတိုင်းသာလုပ်လို့ရမယ်ဆိုရင် အဆိုးလေးကိုစိတ်လွှတ်ကာချစ်ပစ်လိုက်ချင်သည်။ အသက်မပြည့်သေးတာကြောင့်သာ လွှတ်ပေးထားနေရတာဖြစ်သည်။ အသဲယားလာတာနဲ့အမျှ သူ၏ရင်ခွင်ထဲသို့ပြန်ဆွဲချလို့တော့ လန့်သွားသည့်ပုံလေးက သူရဲ့မနက်ခင်းကိုတောင်ထကြွချင်ဖွယ်ဖြစ်အောင်လုပ်နိုင်လေသည်။
YOU ARE READING
မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)
Romanceဒီficလေးကို ကျွန်တော်စိတ်ကူးထဲကအတိုင်းရေးထားတာပါ။ 🚨🚨လေးတွေလည်းပါမှာမလို့မကြိုက်တဲ့သူရှိရင်ကျော်သွားကြပါ။အရိုင်းဆန်တာေလးများအနည်းငယ်ပါမှာမလို့ကြိုက်မှဖတ်ကြပါ ကျေးဇူးတင်ပါသည်။🥰🥰 Starring-June,27,2021 Ending-。。。。