Zgy
"တွေ့ရတာဝမ်းသာပါတယ် ငါ့ကYu Huanပါ"
Yu Huanကိုမိတ်ဆက်လိုက်တယ် ။ သူအခန်းထဲကို ကြည့်နေတုန်းတစ်နေရာအရောက်မျက်လုံးတွေရပ်တန့်သွားတယ် ။ မိန်းကလေးလား မှတ်ရတောင် လှလွန်းပြီး ကလေးလေးလို ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကောင်လေးတစ်ယောက် သူ့ကိုကြည့်နေတာများ မျက်လုံးလေးပြူးပြီးတော့ ကြည့်နေတာက ဖျစ်ညှစ်ချင်စရာ ။
ဘေးကိုကြည့်လိုက်တော့ သူအနည်းငယ် လန့်သွားတာတော့အမှန်ပဲ ။ သူ့ကိုသတ်ဖြတ်တော့မယ်မျက်လုံးတွေနဲ့ ကြည့်နေတဲ့မျက်လုံးတစ်စုံ မျက်လုံးအထိဖုံးကွယ်နေတဲ့ ဆံပင်တွေ ၊ မျက်မှန်အထူကြီး တပ်ဆင်ထားတာတောင်မှ ထိုလူရဲ့သတ်ဖြတ်ချင်တဲ့ အကြည့်တွေကိုအတိုင်းသာတွေ့နေရတယ် ။
သူသေချာကြည့်လိုက်တော့ အနီရောင်မျက်လုံးတွေ သူမျက်မှောင်ကြုပ်မိသွားတယ် ။ ဒီမျက်လူံးးတွေ သူရင်းနှီနေသလိုပင် ။ သူစဉ်းစားကြည့်မယ်ဆိုရင် သူရင်နှီးတဲ့မျက်ဝန်းနီနဲ့ သူဟာတစ်ယောက်ပဲရှိတယ် ။ ထိုသူကတခြားသူတော့မဟုတ်ဘူး စီးပွားရေးဘုရင်Sayy ..
Sayyရဲ့ မျက်လုံးတွေဟာ အနီရောင်ရှိပြီး ထိုလူရဲ့ဘေးနားက အေးစက်တဲ့အရှိန်အဝါတွေကြောင့်ထိုလူဘေးနားကို ဘယ်သူမှမကပ်ရဲ ။ သွေးအေးလွန်းပြီး မျက်တောင်တစ်ချက်တောင်မခတ်ပဲ လူသတ်ရဲတဲ့ထိုမျက်ဝန်းတွေ တကယ်ကိုသွေးအေးလွန်းတယ် ။ ထိုသူကိုမြင်ဖူးတာကလည်း သူငယ်ချင်းအဖေရဲ့ partyတစ်ခုမှာတွေ့ဖူးခြင်း ..
တကယ်လို့သူရှေ့က လူဟာSayyသာဆိုလျှင်
*အဟက် စိတ်ဝင်စားစရာပဲ*
သူလည်းဆက်ကြည့်မနေတော့ပဲ ထနုလူရှေ့ကခုံမှာသာဝင်ထျုင်လိုက်သည် ။ ဆရာမရဲ့အပြောတွေကိုလည်း မစောင့်တော့ဘူး ။ သူ့လဲသူ့ဘေးကသူနဲ့ဝစ်ခုံထဲထိုင်ရမဲ့သူကို လှည့်ကြည့်လိုက်မိတယ် ။ သူငေးခနဲဖြစ်သွားတယ် သူရဲ့ရင်ထဲမှာလည်း ဘယ်လိုခံစားချက်ကြီးလည်းမသိဘူး ဖြစ်သွားတယ် ။
အနောက်ကကောင်လေးနဲ့မတူဘဲ ဂျစ်ကန်ကန်ပုံစံမျိုးလေး နောက်ပြီး မိန်းကလေးပုံစံအနည်းငယ်ဆန်နေတဲ့မျက်နှာလည်းရှိပြီး ယောကျာ်းလေးဆန်တဲ့မျက်နှာလည်း ရှိသေးတယ် ။ သူ့အားကြည့်နေတာကလည်း သူအနားကပ်တဲ့မိန်းမတွေလို ပါးလေးများနီမြန်းပြီး ရှက်ရှု့နေတဲ့ပုံတစိုးတစိတောင်မရှိ အေးဆေးတည်ငြိမ်စွာနဲ့ ကြည့်နေခြင်း ..
YOU ARE READING
မင်းသာကိုယ့်ရဲ့ရှင်သန်ရာ(You are the source of my life🔪🔥)
Lãng mạnဒီficလေးကို ကျွန်တော်စိတ်ကူးထဲကအတိုင်းရေးထားတာပါ။ 🚨🚨လေးတွေလည်းပါမှာမလို့မကြိုက်တဲ့သူရှိရင်ကျော်သွားကြပါ။အရိုင်းဆန်တာေလးများအနည်းငယ်ပါမှာမလို့ကြိုက်မှဖတ်ကြပါ ကျေးဇူးတင်ပါသည်။🥰🥰 Starring-June,27,2021 Ending-。。。。