ဒေါက်တာလေးရဲ့အင်ဂျင်နီယာကိုကို
EP6Gulfကဆိုဖာပေါ်မှာထိုင်နေပြီးMewက
Gulfရဲ့ပေါင်လေးကိုခေါင်းအုံးထားကာ
သူ့လက်တစ်ဖက်နှင့်Gulf၏လက်ကလေးကိုလည်းကိုင်ထားသေးသည်
"ကလေး"
"ဗျာ"
"ကို့ကို ဘယ်တုန်းကစချစ်တာလဲဟင်"
"ပထမဆုံး ပြန်တွေ့ကတည်းကလို့ပြောလို့ရတယ်"
"ဟွန်း ကလေးကလည်း ပြောလို့ရတယ်ကဘာလဲ"
"အော် အဲ့အချိန်တုန်းက ကိုကို့ကို ကျွန်တော်က ချစ်နေတယ်ဆိုတာ ကိုကို့ကို မသိဘူးလေ
ကိုကိုနဲ့အနီးကပ်နေတာကြာမှ ကျွန်တော်သေချာသွားတာ"
"ကိုကိုကတော့ အရမ်းပျော်တယ်သိလား ဘာလို့လဲဆိုတော့ ကလေးက ကျောင်းတက်ရင် ကောင်မလေးတစ်ယောက်ယောက်ကိုများ သဘောကျသွားမလားဆိုပြီး တွေးပူနေရတာ"
"ခုကကော မတွေ့ဘူးလို့ပြောနိုင်လို့လား တွေ့ချင်လည်းတွေ့မှာပေါ့"
"ကလေး ကိုကို့ကို အဲ့လိုမစနဲ့နော်"
"ဟားးးး စတာပါကိုကိုရယ် စိတ်ချ ကျွန်တော်ကလေ ချစ်ပြီဆို ဘယ်သူမှ လိုက်မမီဘူး "
"ကလေး ကိုကို့ကို ဘာလို့ ဖွင့်ပြောလိုက်တာလဲဟင် ကို့ကို စိတ်မချလို့လား"
"အမှန်တကယ်တော့ ကျွန်တော်ကြောက်နေခဲ့တာပါ ကျွန်တော် ကိုကို့အပေါ် မရိုးသားတာ ကိုကိုသိသွားရင် ကျွန်တော့ကို စိတ်ပျက်သွားမှာကို
တကယ်ကြောက်နေခဲ့တာပါ ဒီနေ့ နိုနဲ့ ကိုကိုနဲ့တရင်းတနှီးစကားပြောနေတာကို တွေ့တော့
စိတ်ထဲမှာ မနာလိုသလိုခံစားရတယ် ပြီးတော့ခုနက ကားပါကင်မှာ ကိုကို့ဘေးနားမှာ
တခြားမိန်းကလေးကို တွဲမြင်လိုက်ရတော့ ကျွန်တော့ စိတ်တွေက ထိန်းမရတော့ဘူးဖြစ်သွားတာ"
"ပွေ့ဖိုင်းကို ကျေးဇူးတင်ရမှာပေါ့ဒါဆို"
"အင်းပေါ့"
"ဒါပေမဲ့ကိုကို ကျွန်တော်တို့ကိစ္စကို ကျွန်တော်တို့နှစ်ယောက်ဘဲ သိစေချင်တယ် ဘာလို့လဲဆိုတော့ ကျွန်တော်က ခုမှ ကျောင်းစတက်မှာလေ
ပြီးတော့ကျွန်တော်တို့အချစ်က သူများတွေလို သာမန်မှ မဟုတ်တာ ကိုကိုနားလည်ပေးမယ်မလား"
"ကိုကိုက လူကြီးဘဲ နားလည်ပေးရမှာပေါ့ ကလေးရယ် ကလေးပြောတာ ကိုကိုလက်ခံပါတယ်"
"ကလေး ဗိုက်ဆာပြီလား"
"ဆာနေပြီ"
"လာ အပြင်မှာသွားစားကြမယ်""ကလေး အိပ်ပျော်အောင်အိပ်နော်"
"ဒီညတော့ အိပ်ပျော်မယ် မထင်ဘူး ကိုကို
အိပ်ရာပြောင်းစဆိုတော့"
"လာ ကိုကိုဖက်ထားပေးမယ်
Good nightကလေး😘"
တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ ကိုကိုရဲ့ ရင်ခွင်ထဲမှာ ခိုနားခွင့်ရတဲ့ဒီချိန်ဟာ အရမ်းကို နွေးထွေးလွန်းပါတယ် ကိုကိုရယ် တစ်သက်လုံးခိုနားခွင့်ပေးဖို့
ကလေး မျှော်လင့်ပါတယ်