ဒေါက်တာလေးရဲ့အင်ဂျင်နီယာကိုကို
EP 2"အော် ဖေကြီး ပြန်ရောက်နေပြီလား"
"ဟုတ်တယ်ဒီနေ့စောစောပြန်လာတာ"
"ဖေကြီး သိလား ဟိုဘက်တစ်ခြံကျော်ကအိမ်သစ်ကို ဘယ်သူတွေပြောင်းလာတာလို့ထင်လဲ"
"ဘယ်သူတွေများလဲမေရဲ့"
"ချိုတို့မိသားစုဖေကြီးရဲ့"
"ဟေ တကယ်လား"
"တကယ်ပေါ့ အကိုခွန်က ဒီမှာတာဝန်ကျလို့တဲ့ဖေကြီးရဲ့"
"အော် ကောင်းတာပေါ့ ဒါနဲ့ မင်းရဲ့သမက်လေးကော ဘယ်အရွယ်ရောက်နေပြီလဲ"
"အဲ့ဒါပေါ့ အကိုရယ် ချောလာလိုက်တာ
စကားပြောလည်း လိမ္မာနေရော ဒါပေမဲ့ ကျမတို့ပြောင်းလာတုန်းက ကလေးက ငယ်သေးတော့ ကျမကိုတော့မမှတ်မိဘူး"
" ခုဆို ဆယ့်ရှစ်နှစ်လောက်ရှိပြီပေါ့ ကိုတို့သားထက် သုံးနှစ်ငယ်တယ်မလား"
"ဟုတ်တယ် ဖေကြီးက ဒါမျိုးကျတော့မှတ်မိသားဘဲ ကျမတို့တစ်ရက်လောက်ဆုံပြီး ညစာစားကြမလားလို့"
"အင်း ဒီအပတ်စနေ ကိုအားတယ် ဖုန်းဆက်ကြည့်လိုက်ပေါ့ချိုကို အဲ့နေ့ အဆင်ပြေမလားလို့ အကိုခွန်ရောအားရဲ့လားလို့"
"ဟုပြီ မေမေးလိုက်မယ် ခုတော့ ညစာချက်လိုက်ဦးမယ် ""မေမေရေ သမီးပြန်ရောက်ပြီ"
"အေအေ ကောင်းတယ်လာ မေမေ့ကို လာဝိုင်းကူ"
"ဟုတ်"
"အလုပ်မှာ အဆင်ပြေရဲ့လား သမီး "
"အဆင်ပြေပါတယ်ဖေဖေရယ် ပန်ဝါသနာပါတာကို လုပ်နေရတာမို့လို့ တစ်စက်ကလေးမှတောင်မပင်ပန်းဘူး သမီးလုပ်ချင်တာကို လုပ်ခွင့်ပေးလို့ ဖေဖေ့ကို ကျေးဇူးတင်ပါတယ်"
"ကောင်းတယ်နော် သိပ်ကောင်းတယ် မမတို့ကတော့ ကိုလုပ်ချင်တာကိုလုပ်ရတယ်"
"အော် ငါ့မောင်Mewရယ် မင်းကော မင်းလုပ်ချင်တာတွေ မလုပ်ရလို့လား"
"အင်းးး"
"တော်ပြီး ကျောင်းပိတ်ပြီး အားတိုင်းနဲ့ ငါ့ကို
စကားနိုင် လာထိုးမနေနဲ့ ဖယ် မေမေကို သွားဝိုင်းကူဦးမယ်"
"အမ အကြောင်း ကျွန်တော် မသိဘူးထင်လို့လား
မေမေ့ကိုကူမယ်ဆိုပြီး ချက်သမျှတွေကို နှိုက်နှိုက်မြည်းနေပြီးတော့"
"Mew!"
"ကယ် ကယ်တော်ပြီ သမီးလည်းသွားတော့ သားလည်း ဘာလုပ်မှာလဲ Tvကြည့်မလို့လားကြည့်"Mewက တတိယနှစ်ကျောင်းသားတစ်ယောက်ပေမဲ့ အိမ်မှာဆို တကယ့်ကလေးလေး အမဖြစ်သူပန်ကို တွေ့တိုင်း စနေတော့တာ
ပန်က ဘွဲ့ရပြီး သူဝါသနာပါတဲ့ ဒီဇိုင်နာ အလုပ်ကို လုပ်နေသူတစ်ယောက် တစ်ဦးတည်းသောမောင်လေးကိုလဲ ချစ်ပြီး အလိုလိုက်သူပါ