ဒေါက်တာလေးရဲ့ အင်ဂျင်နီယာကိုကို EP 8
မနက်ဖြန်ကျောင်းပိတ်ရက်မို့ ဒီည ကျွန်တော်နဲ့ ကလေး အိမ်ပြန်လာကြပါသည်
"ကလေး ကိုကိုတော့ ဒီည ကလေးကို လွမ်းရတော့မှာဘဲ"
"ကိုကိုရယ် အဖြစ်သည်းနေပြန်ပြီ"
"ဟွန်း ကလေးကော မလွမ်းဘူးပေါ့"
"မလွမ်းပါဘူး ဘာလို့လွမ်းရမှာလဲ"
"ကလေး"
ဟုဆိုကာဆူပုတ်သွားသော မျက်နှာကိုကြည့်၍Gulfတော်တော်ရီချင်ပါသည်
"ကလေးက စတာပါ ကိုကိုရယ် ကိုကိုကလည်း ကလေးစတာကိုဆို အမြဲအတည်ပြောနေတယ် ထင်နေတာနော် ရီရတယ် ကိုကိုက"
"မသိဘူးကိုကိုက ကလေးနဲ့ဆို အကုန်လုံးကို အတည်ဘဲ အသေးအဖွဲ့ကစ ဂရုစိုက်တယ်"
"ဟုတ်ပါပြီ ကိုကိုရယ် ကားကိုသေချာမောင်း"
ကားမောင်းနေတာတောင် ကို့လက်တစ်ဖက်ကို
ကိုင်ထားပြီး ခဏခဏ နမ်းနေတဲ့ကိုကို့ကို အသည်းယားမိပါသည်
"ကယ် ကိုကိုနောက်ကျနေပြီ အိမ်ထဲမဝင်နဲ့တော့ နော် ပြန်တာ့ မနက်ဖြန်ကျမှတွေ့မယ်"
"ကိုကိုဒီည အိပ်ပျော်တော့မှာ မဟုတ်ဘူး"
"ကိုကိုရယ် ဖုန်းခေါ်လိုက်မယ် ကျွန်တော်"
"ဖုန်းထဲမှာက ကလေးကို ဖက်လို့ရတာမှမဟုတ်တာ"
"ကိုကိုဒီနားတိုးခဲ့"ဟုဆိုကာ
ပါးကလေးကို နစ်ဝင်အောင်နမ်းလိုက်လေသည်
ထို့နောက်Mewကို တင်းတင်းကြပ်ကြပ်လေး ဖက်ထားလိုက်လေသည်
"ကိုကို ဒီလောက်နဲ့ဘဲ ကျေနပ်တော့ ခဏနေ မေကြီးထွက်လာလို့ တွေ့သွားရင် မကောင်းဘူး"
"ဟုတ်ပါပြီ ကလေး တာ့တာ ချစ်တယ်နော်"
"ကျွန်တော်လည်း ချစ်တယ် တာ့တာ""ဟော သားနိုးပြီလား"
"ဟုတ်ကဲ့မေကြီး"
"လာ မနက်စာစားလိုက်ဦး"
"ဖေကြီးကော"
"သားဖေကြီးက ဒီနေ့ အစောကြီးသွားတယ်
အမယ်လေး ငါ့သားလေးက ကျောင်းတက်တာ
တစ်လဘဲရှိသေးတယ် နည်းနည်းတောင်ပိန်သွားသလိုဘဲ စာတွေဘဲ ကြိတ်လုပ်နေတာလား
အစားကော သေချာစားရဲ့လား မေမေကြားတယ်နော် ခုတောင်မှ Mewပြန်လို့ ပြန်လာတာဆို သားက မေကြီးကို မလွမ်းဘူးလား"
"မေကြီးရယ် လွမ်းတာပေါ့ ဘယ်လိုပြောလိုက်တာလဲ သားမေကြီးကို နေ့တိုင်းဖုန်းဆက်တယ်လေ သားစာလုပ်စရာများတဲ့နေ့ဆိုတော့ နားလည်ပေးပါ မေကြီးရယ် "
"နားလည်ပါတယ် သားရယ် မေကြီးက စတာပါ
ကယ်စားစား နေ့လည်ကျရင် သားကြိုက်တာတွေ မေကြီးချက်ကျွေးမယ်နော်"
"ဟုတ်ကဲ့မေကြီး"
![](https://img.wattpad.com/cover/275270185-288-k826000.jpg)